Pages
▼
Friday, May 1, 2015
မော်ရင်ညို ဟာ လေးစားမှု မရှိတဲ့သူပါ (အာဆင်ဝင်းဂါး)
မော်ရင်ညို ဟာ လေးစားမှု မရှိတဲ့သူပါ (အာဆင်ဝင်းဂါး)
မော်ရင်ညို သည် သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေကို လေးစားမှု မရှိသောသူလို့ အာဆင်နယ်မန်နေဂျာ အာဆင်ဝင်းဂါး က မှတ်ချက်ပေး ပြောကြားလိုက်ပါတယ်။
ပြီးခဲ့သည့် သီတင်းပတ် က ဂိုးမရှိသရေကျခဲ့သောပွဲတွင် အာဆင်နယ် ပရိတ်သတ်များက """ပျင်းစရာကောင်းသော ချယ်ဆီး""" လို့ သံပြိုင်အော်ဟစ်ခဲ့ကြပြီးနောက် မော်ရင်ညိုက ပရီးမီးယားလိဂ်ဖလား ရဖို့ ၁၁ နှစ်ထိ စောင့်ဆိုင်း နေရတာသာ ပျင်းစရာ ကောင်းကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။
ယခုလို မှတ်ချက်ကို တနင်္လာနေ့မှာ ဟားလ်စီးတီး အသင်း နှင့် ပွဲအတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ အာဆင်ဝင်းဂါး က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
"""မန်နေဂျာတွေ အတွက် အရေးအကြီး ဆုံးအရာ က တခြား မန်နေဂျာ တွေကိုလေးစားဖို့လိုအပ်ပါတယ်၊ ဒါပေမဲ့ တချို့သူတွေကတော့ အဲဒါကို တိုးတက်အောင်လုပ်ဖို့ လိုအပ်ပါတယ်""" လို့ အာဆင်ဝင်းဂါး က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့သည့် ၂၀၁၄ ဖေဖေါ်ဝါရီ လ က အာဆင်ဝင်းဂါးဟာ ရှုံးနိမ့်မှုမှာ အထူးကျွမ်းကျင်သူတစ်ယောက်ပါ လို့ မော်ရင်ညို က ဝေဖန် တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာလ မှာတော့ အာဆင်ဝင်းဂါး က ကွင်းဘေးစည်း မှာ သူ့ရဲ့ပြိုင်ဘက်ကို တွန်းထိုး တိုက်ခိုက်ခဲ့ပြီး ငြင်းခုံခဲ့ကြပါတယ်။
"""တခါတရံမှာ သင်ဟာ တခြား မန်နေဂျာတွေနဲ့ တိုက်ခိုက် မှု တွေ ဖြစ်နိုင်ပါတယ်""" လို့ အာဆင်ဝင်းဂါး က ပြောကြားခဲ့ပါတယ်။
"""သင်ဟာ သူတို့နဲ့ ထိပ်တိုက် တိုက်ခိုက်ခဲ့တဲ့ အခါ သင်ဟာ ဒေါသအနည်းငယ်တော့ ဖြစ်မှာပဲ၊ ဒါပေမဲ့ အဆုံးမှာတော့ အဲဒါတွေဟာ မေ့ပျောက်သွားမှာဖြစ်ပြီး အရေးအကြီးဆုံးအရာ က သင်တတ်နိုင်သမျှ တစ်ယောက်ကို တစ်ယောက် လေးစားမှု ရှိဖို့ပါပဲ""" လို့ အာဆင်ဝင်းဂါး က ပြောကြားခဲ့ကြောင်း ဘီဘီစီ သတင်း အရသိရပါတယ်။
#KS
Football Cafe
No comments:
Post a Comment