Pages

Friday, May 1, 2015

AFC Cup နောက် တစ်ဆင့်သို့ ဧရာဝတီအသင်း တက်ရောက်ပြီး ရတနာပုံအသင်း အုပ်စုမှ ထွက်ခဲ့ရ



AFC Cup နောက် တစ်ဆင့်သို့ ဧရာဝတီအသင်း တက်ရောက်ပြီး ရတနာပုံအသင်း အုပ်စုမှ ထွက်ခဲ့ရ
Written by  ရွှေဘုတ်

ဧပြီ ၃၀ ၊ ရန်ကုန်။      ။ ၂၀၁၅ AFC Cup အုပ်စုအဆင့် ပွဲစဉ်များ ပြီးဆုံးရန် တစ်ပွဲကျန် ရှိနေသေးသော်လည်း ဧရာဝတီယူနိုက်တက် အသင်းနောက်တစ်ဆင့် တက်ရောက်နိုင် ခဲ့သော်လည်း ရတနာပုံ အသင်းမှာမူ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ ရပြီဖြစ်သည်။

ဧရာဝတီယူနိုက်တက်အသင်းသည် AFC Cup အုပ်စုပွဲစဉ် ၅ ၌ လာအိုတိုယိုတာ အသင်းကို အိမ်ကွင်းတွင် တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသော်လည်း တိုက် စစ်မှူး ရစ္စတီ၊ ဖွန်ဆီကာတို့၏ သွင်းဂိုးများကြောင့် ပွဲအပြီးတွင် ၄-၃ ဂိုးဖြင့်ပြန်လည် အနိုင်ယူနိုင်ခဲ့သည်။

အဆိုပါ နိုင်ပွဲကြောင့် ဧရာဝတီအသင်းသည် ပွဲကစားရန် လက်ကျန် တစ်ပွဲ ကျန်ရှိနေသေးသော်လည်း ရမှတ် ၉ မှတ်ဖြင့် အုပ်စု ဒုတိယနေရာတွင် ရပ်တည်နေ ပြီးအုပ်စုတွင်းမှ ပါဆီဘန်ဒေါင်း အသင်းနှင့် အတူနောက်တစ်ဆင့် တက်ရောက် ရန်သေချာသွား ပြီဖြစ်သည်။

အုပ်စုအဆင့် မှကျော်ဖြတ်နိုင် ခဲ့သည့်အတွက် ဧရာဝတီယူနိုက်တက် အသင်းသည် အသင်းသမိုင်း တစ်လျှောက် ပထမဆုံး အကြိမ် AFC Cup နောက်တစ်ဆင့် တက်နိုင် ခဲ့ခြင်းဖြစ်သည်။

ရတနာပုံအသင်းမှာမူ အုပ်စုပွဲစဉ်- ၅ တွင် ပါဟန်းအသင်းကိုအဝေးကွင်း၌ ၇-၄ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ပြီးလက်ကျန် တစ်ပွဲကစားရန် ကျန်ရှိနေသေးသော်လည်း ရမှတ် ၃ မှတ်သာ ရရှိခဲ့သည့် အတွက် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရ ပြီဖြစ်သည်။

ရတနာပုံအသင်းသည် ၂၀၁၀ AFC President’s Cup တွင် ချန်ပီယံဖြစ်ခဲ့ဖူးသော်လည်း ၂၀၁၅ ဘောလုံးရာသီ၌ အာရှချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ကာ AFC Cup တွင်လည်း အုပ်စုအဆင့်ဖြင့် သာကျေနပ် ခဲ့ရသည်။

၂၀၁၅ AFC Cup အုပ်စု ပွဲစဉ် -၅ ပြီးဆုံးချိန်၌ ဧရာဝတီယူနိုက်တက်အသင်း တိုက်စစ်မှူး ရစ္စတီသည် သွင်းဂိုး စုစုပေါင်း ခြောက်ဂိုးဖြင့် ဂိုးအများဆုံးသွင်းသူ စာရင်း၌ ပါဟန်းအသင်းမှ ဒစ်ဆန်နှင့် အတူ ရပ်တည်လျက်ရှိသည်။ မေလ ၁၃ ရက် တွင် AFC Cup အုပ်စုနောက်ဆုံးပွဲစဉ်များအဖြစ် ဧရာဝတီအသင်းက အဝေးကွင်းတွင် ပါဆီဘန်ဒေါင်းအသင်းနှင့် ကစားရမည်ဖြစ်ပြီး ရတနာပုံအသင်းက အိမ်ကွင်းတွင် တောင်တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Mizzima

No comments:

Post a Comment