Pages

Friday, May 1, 2015

ချန်ပီယံလိဂ် ဆီမီးပကျော့ တွင်ပေါ့ဂ်ဘာပြန် ကစားနိုင် ဖွယ်ရှိဟု အယ်လီဂရီပြော



ချန်ပီယံလိဂ် ဆီမီးပကျော့ တွင်ပေါ့ဂ်ဘာပြန် ကစားနိုင် ဖွယ်ရှိဟု အယ်လီဂရီပြော
Written by  ဝေဘုန်းလူ

တူရင်၊ ဧပြီ ၃၀။        ။ ကွင်းလယ် ကစားသမားပေါ့ဂ်ဘာသည် ရီးယဲလ်မက်ဒရစ်နှင့်ကစားမည့် ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်တွင်ပြန်လည် ပါဝင်လာဖွယ် ရှိသည်ဟု ဂျူဗင်တပ်နည်းပြ အယ်လီဂရီ ကပြောသည်။

ကွင်းလယ်ကစားသမားပေါ့ဂ်ဘာသည် ဒေါ့တ်မွန်နှင့်ကစားခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့တွင် တံကောက်ကြော ဒဏ်ရာရရှိ ပြီးနောက် ပိုင်း အနားယူနေ ခဲ့ရသူဖြစ်သည်။

မူလခန့်မှန်းချက် တွင်နှစ်လခန့်နားရနိုင်သော်လည်း တိုးတက်ကောင်းမွန်လာသည့် အခြေအနေအရ ရီးယဲလ်နှင့်ပွဲအမီပြန်လည် ကစားနိုင်ဖွယ် ရှိလာခဲ့ခြင်းဖြစ် သည်။

အယ်လီဂရီက "ကြသပတေးနေ့မှာ နောက်ထပ်စစ်ဆေးမှုထပ်လုပ်ရပေမယ့် ပေါ့ဂ်ဘာအခြေအနေကောင်းတယ်လို့ ထင်ပါတယ်။ ဒါကြောင့် လာမယ့်အပတ်မှာ အသင်းနဲ့ပြန် ပူးပေါင်းနိုင် ဖို့ရှိနေတယ်" ဟုပြောကြား ခဲ့သည်။

ပြီးခဲ့သည့် တစ်ပတ် တူရင်ဒါဘီတွင် တိုရီနိုကို ရှုံးနိမ့်ခဲ့သော ဂျူဗင်တပ်သည် ဗုဒ္ဓဟူးနေ့တွင် ကစားသော ဖီအိုရင်တီးနားနှင့် ပွဲတွက်မူနိုင် ပွဲပြန်လည် ရယူနိုင်ခဲ့ သည်။

ဂျူဗင်တပ်သည် လာမည့်တစ်ပတ်တွင် ချန်ပီယံလိဂ်ဆီမီး ပထမအကျော့အဖြစ် ရီးယဲလ်မက်ဒရစ်အသင်းကို အိမ်ကွင်း၌ဦးစွာလက်ခံကစား ရမည်ဖြစ်သည်။


Ref; Goal.com

Mizzima

No comments:

Post a Comment