Pages

Tuesday, May 5, 2015

အာဆီယံချန်ပီယံရှစ်တွင် နောက်တစ်ဆင့်တက်ရန် မလေးရှားကို မြန်မာအနိုင်ကစားရမည်



အာဆီယံချန်ပီယံရှစ်တွင် နောက်တစ်ဆင့်တက်ရန် မလေးရှားကို မြန်မာအနိုင်ကစားရမည်
Written by  ရွှေဘုတ်

မေ ၅၊ ရန်ကုန်။      ။ ၂၀၁၅ အာဆီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် နောက်တစ်ဆင့် တက်ရန်အတွက် မြန်မာ အမျိုးသမီးလက်ရွေးစင်ဘောလုံး အသင်းမှာ အုပ်စုနောက်ဆုံးပွဲ၌ မလေးရှားအသင်းကို အနိုင်ရရှိရန် လိုအပ်လျက်ရှိသည်။

မြန်မာအမျိုးသမီးအသင်းသည် အုပ်စုပွဲစဉ် နှစ်ပွဲ ကစားပြီးချိန်၌ ဗီယက်နမ်အသင်းကို ၂-၃ ဖြင့်ရှုံးနိမ့်ပြီး ဖိလစ်ပိုင်အသင်းကို ၄-၁ ဖြင့် အနိုင်ရခဲ့ကာ ရမှတ်သုံး မှတ်ဖြင့် အုပ်စု ဒုတိယနေရာတွင် ဖိလစ်ပိုင်အသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ရပ်တည်လျက်ရှိသည်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မလေးရှားအမျိုးသမီးအသင်းကို ပြီးခဲ့သည့် ၂၇ ကြိမ်မြောက်ဆီးဂိမ်းတွင် တွေ့ဆုံခဲ့စဉ်က ၆-၀ ဖြင့် ဂိုးပြတ်အနိုင် ရခဲ့ဖူးသည်။ မြန်မာအသင်းသည် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲကို လာမည့် မေလ ၆ ရက် မြန်မာစံတော်ချိန် ၃း၃၀ တွင် ယှဉ်ပြိုင်ကစား ရမည် ဖြစ်သည်။

မြန်မာအသင်းမှာ အုပ်စု ဒုတိယအဖြစ်သာနောက်တစ်ဆင့် တက်ရောက်နိုင်မည်ဖြစ်သောကြောင့်  တစ်ဖက်အုပ်စု (က) မှ သြစတြေးလျအသင်းနှင့် တွေ့ဆုံရန် အခွင့်အလမ်းများမည် ဖြစ်သည်။

အခြားအုပ်စု ဖြစ်သည့် အုပ်စု (က)တွင် သြစတြေးလျအသင်းက နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ်ခြောက်မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် တစ်တွင် ရပ်တည်လျက် ရှိပြီး ထိုင်းနှင့် လာအို အသင်းတို့က ရမှတ် သုံးမှတ်စီဖြင့် အုပ်စုဒုတိယ၊ တတိယ နေရာတို့တွင် အသီးသီး ရပ်တည်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အာဆီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ၂၀၀၄၊ ၂၀၀၇ ခုနစ်တို့တွင် ချန်ပီယံဖြစ်ခဲ့ဖူးသည့်အပြင် ၂၀၁၁၊ ၂၀၁၂ ခုနစ်တွင် ဒုတိယဆု နှစ်ကြိမ်ရရှိထားဖူးသည့် အသင်းတစ်သင်း ဖြစ်သည်။

Mizzima

No comments:

Post a Comment