Pages
▼
Tuesday, May 5, 2015
ရန်ကုန်ယူနိုက်တက် အိမ်ကွင်း YUSC တွင် သိန်း ၁၇၀ တန် မီးမောင်းများ တပ်ဆင်
ရန်ကုန်ယူနိုက်တက် အိမ်ကွင်း YUSC တွင် သိန်း ၁၇၀ တန် မီးမောင်းများ တပ်ဆင်
Written by ရွှေဘုတ်
မေ ၅၊ ရန်ကုန်။ ။ ရန်ကုန်ယူနိုက်တက်အသင်း အိမ်ကွင်းဖြစ်သည့် YUSC ကွင်းတွင် မိုးရာသီ၌ ရာသီဥတုမှောင်ကာ ကစားသမားများ ကစားရ ခက်ခဲနိုင် သည့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သိန်း ၁၇၀ ကျော် တန်ဖိုးရှိ မီးမောင်းများ ပွဲကြည့်စင် နှစ်ဖက်တွင် တပ်ဆင်လိုက်သည် ဟု အသင်း မန်နေဂျာ ဦးကျော်လင်းထွေးက မဇ္ဈိမသို့ ပြောသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၁ခုနှစ်တွင် ပထမဆုံး မြက်ခင်းတုကွင်း တည်ဆောက်၍ လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုခဲ့သော်လည်း ၂၀၁၃ တွင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၌ အိမ်ကွင်းအဖြစ် စတင် အသုံးပြုခဲ့သည်။
YUSC ကွင်းတွင် မီးမောင်းများ တပ်ဆင်ဖြစ်ပုံနှင့် ပတ်သက်၍ “ ကျွန်တော်တို့ ပြီးခဲ့တဲ့ရက်ကမှ YUSC ကွင်းမှာ မီးမောင်းတွေ တပ်ဖြစ်တာပါ။ ကုန်ကျစရိတ် ကတော့ သိန်း ၁၇၀ ကျော်လောက်ကုန်ပါတယ်။ ထိုင်ဝမ်အမျိုးအစားပါ။ အဓိကကတော့ မိုးတွင်းမှာ မိုးအရမ်းရွာရင် ကွင်းမှောင်တဲ့အခါ ကစားသမားတွေ အခက်အခဲရှိမှာဆိုးလို့ တပ်ဆင်ဖြစ်တာပါ။ ပွဲကြည့်စင် နှစ်ဖက်စလုံးရဲ့ အပေါ်မှာ တပ်ထားပါတယ်။ လောလောဆယ်တော့ AFC အဆင့်မီအောင်တို့ ညပွဲတွေ ကန်ဖို့ လောက်အထိတော့ တပ်ဆင်ဖို့ အစီအစဉ်မရှိသေးပါဘူး ” ဟု ဦးကျော်လင်းထွေးက ပြောသည်။
YUSC ကွင်းသည် လက်ရှိတွင် ပရိသတ်အရေအတွက် သုံးထောင့်ငါးရာခန့် ဆန့်သည့် ကွင်းတစ်ကွင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်း၏ အိမ်ကွင်းအဖြစ် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကျင်းပပြုလုပ်သည့်အပြင် လိဂ်-၁ လူငယ်အသင်းပြိုင်ပွဲများကိုလည်း လက်ခံကျင်းပလျက် ရှိသည်။
Mizzima
No comments:
Post a Comment