Pages

Friday, May 8, 2015

မန်စီးတီးမှ တိုရေးထွက်ခွာရန် (၉၀)ရာခိုင်နှုန်း သေချာကြောင်း အေးဂျင့်ပြောကြား



မန်စီးတီးမှ တိုရေးထွက်ခွာရန် (၉၀)ရာခိုင်နှုန်း သေချာကြောင်း အေးဂျင့်ပြောကြား

မန်ချက်စတာစီးတီး ကွင်းလယ်လူ ယာယာတိုရေး အနေဖြင့် ရာသီကုန်တွင် အသင်းပြောင်းရန် (၉၀)ရာခိုင်နှုန်း သေချာကြောင်း အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။

အိုင်ဗရီကို့စ် ကစားသမား၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် ဒီမီထရီ ဆီလက်ခ်က ကလပ်အသင်း သုံးခုသည် တိုရေးကို စိတ်ဝင်စားနေပြီး ကစားသမား အနေဖြင့် အစ်တီဟတ်ကို စွန့်ခွာရန် အလွန်နီးစပ်နေကြောင်း ဆိုသည်။ အင်တာမီလန်နှင့် PSGတို့သည် တိုရေးကို အလေးအနက် စိတ်ဝင်စားမှု ပြသနေပြီး အသက်(၃၁)နှစ်အရွယ် ကစားသမားကမူ ရာသီကုန်ချိန်ထိ ၎င်း၏ အနာဂတ်ကို အတိအကျ ဆုံးဖြတ်ဖွယ် မရှိသေးကြောင်း သိရသည်။ တိုရေးသည် ယခုရာသီ ၎င်း၏ အကောင်းဆုံး စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားရန် ရုန်းကန်ခဲ့ရပြီး မန်စီးတီးသည်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ချယ်လ်ဆီးထံ လက်လွှဲပေးလိုက်ရသည်။

ဆီလက်ခ်က “ဒီနွေရာသီမှာ တိုရေး မန်စီးတီးကနေ ထွက်ဖြစ်ဖို့ (၉၀)ရာခိုင်နှုန်းလောက် သေချာပါတယ်။ လောလောဆယ် ဘာကိုမှတော့ မဆုံးဖြတ်ရသေးဘူး။ ကျွန်တော်တို့ အနေနဲ့ ရာသီကုန်ထိတော့ စောင့်ကြည့်ဦးမှာပါ”ဟု ပြောကြားခဲ့သည်။ တိုရေးသည် ၎င်း၏ စာချုပ်သက်တမ်း (၂)နှစ် ကျန်နေသေးသော်လည်း အသင်းပြောင်းရန် စီစဉ်နေခြင်းဟု သိရသည်။ ၎င်းသည် မန်စီးတီးတွင် ပွဲပေါင်း(၂၀၀)ကျော် ကစားပြီး (၆၂)ဂိုး သွင်းယူပေးခဲ့သည်။ တိုရေးအနေဖြင့် အသင်းပြောင်းရန် ပြင်ဆင်နေသည့်တိုင် တစ်လလျှင် ပေါင်စတာလင် (၁)သန်းမျှ ရရှိနေသည့် ၎င်း၏ လုပ်ခကြောင့် စိတ်ဝင်စားသော ကလပ်အသင်းများအတွက် အလေးအနက် ချိန်ဆရဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Soccer Myanmar

No comments:

Post a Comment