Pages
▼
Wednesday, May 6, 2015
ဂျူဗင်းတပ်စ်နှင့်ပွဲတွင် ၎င်း၏ ကစားပုံ ဆိုးရွားခဲ့ဟု ရီးယဲလ်ခံစစ်မှူး ရာမို့စ်ဝန်ခံ
ဂျူဗင်းတပ်စ်နှင့်ပွဲတွင် ၎င်း၏ ကစားပုံ ဆိုးရွားခဲ့ဟု ရီးယဲလ်ခံစစ်မှူး ရာမို့စ်ဝန်ခံ
ဂျူဗင်းတပ်စ်ကို အရေးနိမ့်ခဲ့သည့် ပွဲစဉ်တွင် မိမိအနေဖြင့် ခြေစွမ်းညံ့ဖျင်း ဆိုးရွားစွာ ကစားခဲ့ကြောင်း ရီးယဲလ်မက်ဒရစ် ခံစစ်မှူး ဆာဂျီယို ရာမို့စ်က ဝန်ခံ ပြောကြားလိုက်သည်။
စပိန်လက်ရွေးစင် ရာမို့စ်သည် တူရင်တွင် (၂-၁)ဖြင့် အရေးနိမ့်သည့် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပထမအကျော့ ပွဲစဉ်၌ လူကာမိုဒရစ် မပါဝင်နိုင်မှုကြောင့် ကွင်းလယ်တွင် တက်ကစားခဲ့ရသည်။ သို့သော်လည်း အာတူရိုဗီဒဲလ်၊ အင်ဒရီယာ ပီယာလိုတို့၏ ဂျူဗင်းတပ်စ်ကွင်းလယ် စုဖွဲ့မှုကို မယှဉ်နိုင်ဘဲ ရုန်းကန်ခဲ့ရသလို စွမ်းဆောင်ရည်လည်း ဆိုးဆိုးရွားရွား ပျက်နေခဲ့သည်။ နည်းပြ ကာလိုအန်ဆလော့တီသည် မိုဒရစ် ဒဏ်ရာရရှိနေချိန်တွင် အစားထိုးရန် ကွင်းလယ်ကစားသမား မရှိသည့် အခြေအနေကြောင့် ရာမို့စ်ကို အလယ်တန်းသို့ ပို့ထားရခြင်း ဖြစ်သည်။
“ခြုံကြည့်ရင် ဒီပွဲက တော်တော်လေး ဆိုးရွားပါတယ်။ ကျွန်တော်က တော်တော်ကြီး ညံ့ညံ့ဖျင်းဖျင်း ကစားခဲ့တယ်။ ဒါပေမဲ့ ဒီအတွက်တော့ စိတ်မပူမိပါဘူး။ ကျွန်တော်က နည်းပြကို ယုံတယ်။ နည်းပြက ကျွန်တော့်ကို ယုံတယ်။ ဒါက အရေးကြီးပါတယ်။ နောက်တစ်ပတ် အိမ်ကွင်း ဘာနေဗျူးမှာ ပြန်ကစားတဲ့အခါ ကျွန်တော်တို့ ဒီပွဲကြုံခဲ့ရတဲ့ အခြေအနေတွေလောက် ခက်ခဲတော့မှာ မဟုတ်ပါဘူး။ အရာရာ ပြောင်းလဲသွားမယ်လို့ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ်။ ဒါဟာ အတွေးအခေါ်တစ်ခု မဟုတ်ပါဘူး။ အသင်းရဲ့ DNAပဲ ဖြစ်ပါတယ်”ဟု ရာမို့စ်က ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment