Pages
▼
Sunday, June 21, 2015
မန်ချက်စတာစီးတီးမှ ဒီဇီကို ထွက်ခွာမည်မဟုတ်ကြောင်း ၎င်း၏အေးဂျင့် ပြောကြား
မန်ချက်စတာစီးတီးမှ ဒီဇီကို ထွက်ခွာမည်မဟုတ်ကြောင်း ၎င်း၏အေးဂျင့် ပြောကြား
နွေရာသီတွင် မန်ချက်စတာစီးတီးမှ အီဒင်ဒီဇီကို ထွက်ခွာမည် မဟုတ်ကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူက ပြောကြားခဲ့သည်။
ဘော့စနီယား တိုက်စစ်မှူးသည် ပြီးခဲ့သည့် ဘောလုံးရာသီက ပြိုင်ပွဲအရပ်ရပ်တွင် ၃၁ ပွဲ ကစားကာ ၆ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး မန်ချက်စတာစီးတီးမှ ထွက်ခွာရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း မန်ချက်စတာစီးတီး တိုက်စစ်မှူး၏ အေးဂျင့်ဖြစ်သူ အာဖန်ရက်ဇီပါဂျစ်က မိမိ၏ ကစားသမားအနေဖြင့် လာမည့်နှစ်တွင် အီတီဟတ်ကွင်း၌သာ ဆက်ရှိနေရန် ဆန္ဒရှိကြောင်း ဆိုခဲ့သည်။
“မီဒီယာတွေကတော့ ဒီဇီကိုကို အသင်းတိုင်းက လိုချင်နေကြတယ်လို့ ရေးသားနေကြပါတယ်။ ဒီသတင်းတွေက နေ့တိုင်းလိုလို ထွက်နေတာပါ။ ဒီနေ့မှာ အက်သလက်တီကို မက်ဒရစ်နဲ့ ထွက်ရင် နောက်နေ့မှာ ဂျူဗင်တပ်စ်၊ ရိုးမား၊ ချယ်ဆီး မျိုးစုံကို ထွက်နေတာပါပဲ။ ဒါတွေက အပြောင်းအရွှေ့ကာလတိုင်းမှာ ထွက်နေကျ ကောလာဟလ သတင်းတွေပါ။ ဒါတွေက သတင်းအမှန်တွေ မဟုတ်ဘူးဆိုတာကို ထပ်ခါထပ်ခါ ပြောနေရတာကိုလည်း ငြီးငွေ့နေပါပြီ။ ဘာကမ်းလှမ်းမှုမှလည်း မရခဲ့တဲ့အတွက် ဘာကိုမှ သူမငြင်းခဲ့ပါဘူး။ သူနဲ့ မန်စီးတီးရဲ့ စာချုပ်က ၂၀၁၈ ခုနှစ်မှ ကုန်မှာပါ။ အီဒင်ကလည်း အသင်းမှာ ပျော်ရွှင်နေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာနှစ်ကြိမ် ရခဲ့တာကြောင့် စွမ်းဆောင်ရည်အပိုင်းမှာ သက်ရောက်မှုရှိခဲ့ပါတယ်။ ဒါဟာ အသင်းမှာ မပျော်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါကြောင့် သူ့အနေနဲ့ ဆုဖလားလေးကြိမ် ရယူထားတဲ့ အသင်းကနေ ထွက်ခွာဖို့ ဘာအခွင့်အရေးမှ မရှိပါဘူး” ဟု ဒီဇီကို၏ အေးဂျင့်က ပြောကြားသွားခဲ့သည်။
Soccer Myanmar
No comments:
Post a Comment