Pages

Wednesday, July 1, 2015

အသင်းပြောင်းရွှေ့မည့် သတင်းများအား မူလာ ငြင်းဆို



အသင်းပြောင်းရွှေ့မည့် သတင်းများအား မူလာ ငြင်းဆို

နွေရာသီတွင် မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းဖော်ပြချက်များသည် အခြေအမြစ်မရှိသည့် သတင်းများသာ ဖြစ်ကြောင်းနှင့် မိမိအနေဖြင့် ဘိုင်ယန်မြူးနစ်တွင်သာ ဆက်ရှိနေမည် ဖြစ်ကြောင်း သောမက်စ်မူလာက ပြောကြားခဲ့သည်။

မူလာသည် ဘိုင်ယန်မြူးနစ် အသင်းဖော် ဘတ်စ်တီယန် ရှဝိန်းစတိုင်ဂါနှင့်အတူ အသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေပြီး ကစားသမားအနေဖြင့် နည်းပြဟောင်း လူးဝစ်ဗန်ဂါးလ်နှင့် အိုးထရတ်ဖို့ဒ်တွင် ပြန်လည်လက်တွဲဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။

ထို့နောက် ဂျာမနီလက်ရွေးစင် ကစားသမားက မိမိအနေဖြင့် စာချုပ်သက်တမ်း လေးနှစ်ကျန်သေးသည့် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာရန် ဆန္ဒမရှိကြောင်း ဆိုခဲ့သည်။

“အခြားထိပ်သီးအသင်းတစ်ခုက အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှုကို ရရှိတာဟာ ဂုဏ်ယူစရာပါ။ ဒါဟာ ကစားသမားတစ်ယောက်ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်တာကို ချီးမြှင့်တဲ့ သဘောပါပဲ။ ဒါပေမဲ့ ကျွန်တော်က ဘိုင်ယန်မှာ အဆင်ပြေနေပါတယ်။ အသင်းနဲ့စာချုပ်ကလည်း ၂၀၁၉ ခုနှစ်အထိ ရှိပါသေးတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ဆွေးနွေးနေတယ်ဆိုတာ ကောလာဟလတွေပါ” ဟု မူလာက ပြောကြားခဲ့သည်။

၂၀၀၀ ခုနှစ်ကတည်းက ဘိုင်ယန်မြူးနစ်တွင် ကစားခဲ့သည့် မူလာသည် ၂၀၀၈ ခုနှစ်တွင် စီနီယာအသင်း၌ ပါဝင်ကစားခွင့်ရရှိခဲ့ပြီးနောက် ၇ နှစ်အတွင်း လိဂ်ဖလား လေးကြိမ်၊ ပိုကယ်ဖလား သုံးကြိမ်နှင့် ချန်ပီယံလိဂ် တစ်ကြိမ် ရရှိခဲ့သည်။

Soccer Myanmar

No comments:

Post a Comment