Pages
▼
Wednesday, July 1, 2015
ဆောက်သမ်တန် နောက်ခံလူ ကလင်းကို ပေါင် ၁၂.၅ သန်းဖြင့် လီဗာပူးလ် ခေါ်ယူ
ဆောက်သမ်တန် နောက်ခံလူ ကလင်းကို ပေါင် ၁၂.၅ သန်းဖြင့် လီဗာပူးလ် ခေါ်ယူ
လီဗာပူးလ်သည် နေသန်နီရယ် ကလင်းကို ဆောက်သမ်တန်ထံမှ ပေါင် ၁၂.၅ သန်းဖြင့် ခေါ်ယူခဲ့သည်။
အင်္ဂလန် ညာနာက်ခံ ကစားသမားအတွက် လီဗာပူးလ်၏ ပေါင် ၁၀ သန်းတန် ကနဦး ကမ်းလှမ်းချက် ငြင်းပယ် ခံခဲ့ရသော်လည်း ယခု အခါတွင် အသက် ၂၄ နှစ်အရွယ် ကလင်းကို အန်ဖီးလ်သို့ ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘော တူညီမှု ရရှိခဲ့သည်။
ဆောက်သမ်တန်နှင့် တစ်နှစ်စာချုပ် ကျန်ရှိနေသေးသည့် ကလင်းသည် လီဗာပူးလ်၏ နွေရာသီ ကစားသမား ခေါ်ယူမှုတွင် ခြောက်ယောက်မြောက် ကစားသမား ဖြစ်လာခဲ့သည်။
၎င်းသည် တိုက်စစ်ကစားသမား ရော်ဘတ်တို ဖာမီနိုနှင့် ဒန်နီအင်းစ်၊ ကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာ၊ နောက်ခံ ကစားသမား ဂျိုးဂိုးမက်ဇ်နှင့် ဂိုးသမား အဒမ်ဘော့ဒန်တိ့နှင့်အတူ အန်ဖီးလ်တွင် စတင်ခြေချမည် ဖြစ်သည်။
Soccer Myanmar
No comments:
Post a Comment