Pages

Wednesday, July 1, 2015

နယ်သာလန်နှင့် အသင်းနည်းပြ ဟစ်ဒင့် နှစ်ဦး သဘောတူ လမ်းခွဲ



နယ်သာလန်နှင့် အသင်းနည်းပြ ဟစ်ဒင့် နှစ်ဦး သဘောတူ လမ်းခွဲ

နယ်သာလန် လက်ရွေးစင်အသင်းကို ဒုတိယ အကြိမ်မြောက် တာဝန်ယူသည် ဟစ်ဒင့်နှင့် နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းလိုက်ကြောင်း ဒတ်ခ်ျဘောလုံး အဖွဲ့ချုပ်မှ ကြေညာလိုက်သည်။

လူးဝစ်ဗန်ဂါးလ်၏ နေရာတွင် အစားထိုး တာဝန်ယူခဲ့သည့် အသက် ၆၈ နှစ်အရွယ် ဟစ်ဒင့်သည် ပြင်သစ်တွင် ကျင်းပမည့် ယူရို ၂၀၁၆ အတွက် နယ်သာလန်ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

သို့သော်လည်း အချို့သော ရလဒ်ဆိုးများနှင့် စွမ်းဆောင်ရည် ညံ့ဖျင်းမှုများက ဟစ်ဒင့်အပေါ် ဖိအားများ ဖြစ်စေခဲ့သည်။ လက်ရှိတွင် နယ်သာလန်သည် ယူရို ၂၀၁၆ ခြေစစ်ပွဲ အုပ်စုအဆင့်၌ တတိယနေရာတွင် ရပ်တည်နေပြီး အုပ်စုထိပ်မှ အိုက်စ်လန်အသင်းနှင့် ၅ မှတ်ကွာဟလျက်ရှိသည်။

ဟစ်ဒင့်၏ နောက်ဆုံးပွဲမှာ ဇွန်လက အမ်စတာဒမ်တွင် နယ်သာလန်က အမေရိကန်ကို ၃-၁ ဂိုးဖြင့် ဦးဆောင်ပြီးနောက် ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲဖြစ်သည်။

“ဟစ်ဒင့်နဲ့ ဒတ်ခ်ျဘောလုံးအဖွဲ့ချုပ်တို့က ဇွန်လ ၁ ရက်ကစပြီး နိုင်ငံအသင်းနည်းပြရဲ့ စာချုပ်ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု ကြေညာခဲ့သည်။

ဆက်လက်ပြီး ဟစ်ဒင့်က မိမိ၏ နယ်သာလန်အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ရာတွင် မအောင်မြင်ခဲ့ခြင်းအပေါ် ဝမ်းနည်းကြောင်း ဆိုခဲ့သည်။

၎င်းက “ဒီလိုမျိုး အဆုံးသတ်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်က နယ်သာလန်အသင်း နည်းပြရာထူးကို ထပ်ရခဲ့တဲ့အတွက် ဂုဏ်ယူခဲ့တာပါ။ ပြင်သစ်မှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲအတွက် ကျွန်တော့် ရာထူးကို ဆက်ခံမယ့်သူနဲ့ အသင်းအနေနဲ့ ကံကောင်းပါစေလို့ ဆန္ဒပြုပါတယ်” ဟု ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment