Pages
▼
Wednesday, July 1, 2015
အက်သလက်တီကိုသို့ မာတီနက်ဇ် ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း ပေါ်တို အတည်ပြု
အက်သလက်တီကိုသို့ မာတီနက်ဇ် ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း ပေါ်တို အတည်ပြု
အက်သလက်တီကို မက်ဒရစ်ထံသို့ မိမိတို့၏ တိုက်စစ်မှူး ဂျက်ဆင်မာတီနက်ဇ် ပြောင်းရွှေ့မည်ဖြစ်ကြောင်း ပေါ်တို အသင်းက အတည်ပြု သတင်း ထုတ်ပြန်ခဲ့သည်။
စပိန်ကလပ်သည် ပေါ်တိုအတွက် (၉၂)ဂိုးထိ သွင်းယူပေးခဲ့သည့် ကိုလံဘီယာ လက်ရွေးစင်ကို စာချုပ်ပါ သတ်မှတ်ဈေးနှုန်းအတိုင်း ယူရို(၃၅)သန်း ပေးချေခဲ့ကြောင်း သိရသည်။ အသက်(၂၈)နှစ်အရွယ် ကစားသမား၏ အေးဂျင့်သည် အေစီမီလန်နှင့် စာချုပ်ခွင့်ကို ပယ်ချလိုက်ပြီးနောက် ဗင်းဆင့်ကယ်လ်ဒါရွန်သို့ ကူးပြောင်းရန် မာတီနက်ဇ်က ရွေးချယ်ထားကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ဖော် ပြောဆိုထားသည်။ အက်သလက်တီကိုသည် ဂျူဗင်းတပ်စ်ထံ ရောင်းထုတ်လိုက်သည့် မာရီယို မန်ဇူကစ် နေရာတွင် မာတီနက်ဇ်ဖြင့် တိုက်ရိုက် အစားထိုးသွားမည် ဖြစ်သည်။
ပေါ်တိုက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ရာ “အက်သလက်တီကို မက်ဒရစ်အနေနဲ့ မာတီနက်ဇ် အတွက် စာချုပ်ပါ သတ်မှတ်ချက် အတိုင်း ယူရို(၃၅)သန်း ပေးချေဖို့ သဘောတူညီလိုက်ပါပြီ”ဟု ဖော်ပြထားသည်။ မာတီနက်ဇ်သည် ပေါ်တိုတွင် (၃)ရာသီ ကစားကာ တရားဝင် ပြိုင်ပွဲပေါင်း (၁၃၆)ပွဲတွင် (၉၂)ဂိုးထိ သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် သုံးရာသီစလုံး ပေါ်တူဂီလိဂ်၏ ဂိုးသွင်း ဘုရင်အဖြစ် ရပ်တည်ခဲ့ပြီး (၂၀၁၃)ခုနှစ်တွင် (၂၆)ဂိုး၊ (၂၀၁၄)တွင် ဂိုး(၂၀)နှင့် (၂၀၁၅)တွင် (၂၁)ဂိုးစီ ရရှိခဲ့သည်။
Soccer Myanmar
No comments:
Post a Comment