Pages

▼

Monday, March 2, 2015

ဗိုလ်လုပွဲ တွင်ရှုံး နိမ့်ခြင်းမှာ စိတ်ပျက်စရာ အကောင်းဆုံး ခံစားချက်ဟု ကိန်းဖွင့်ဟ



ဗိုလ်လုပွဲ တွင်ရှုံး နိမ့်ခြင်းမှာ စိတ်ပျက်စရာ အကောင်းဆုံး ခံစားချက်ဟု ကိန်းဖွင့်ဟ
Written by  ဝေဘုန်းလူ
ကက်ပီတယ်ဝမ်းဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရခြင်းမှာ စိတ်ပျက်စရာ အကောင်း ဆုံးခံစား ချက်ပင်ဖြစ် သည်ဟု စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်း ကပြော ကြားလိုက်သည်။
ချယ်လ်ဆီးအသင်းမှအသင်းခေါင်းဆောင် တယ်ရီကပထမပိုင်းတွင် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး စပါးမှဝေါ့ကာက ဒုတိယပိုင်း အစတွင် ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ရာ စပါးအသင်း မှာပွဲအပြီးတွင် အကောင်းဆုံး ဒုတိယဖြင့် သာကျေနပ်ခဲ့ ရခြင်းဖြစ်သည်။
ရလဒ်ကြောင့်စိတ်ပျက် ခဲ့ရသော် လည်း စပါးအသင်း အနေဖြင့်နောက် ထပ်ဖိုင် နယ်ပွဲပေါင်း များစွာ တက်ရောက်နိုင်စွမ်း ရှိနေသေး သည်ဟုလည်း ကိန်းကယုံ ကြည်နေသည်။
“`ရှုံးနိမ့်တာက ကမ္ဘာပေါ်မှာအဆိုးဆုံးခံစားချက်ပါပဲ။ ပွဲကြီးပွဲကောင်း ဗိုလ်လုပွဲမှာ ရှုံးတာကပို ဆိုးပါတယ်။ ပွဲအပြီးမှာ ချယ်လ်ဆီး အသင်းဖလား ကိုင်မြှေက်နေ တာကို ကြည့်ပြီး ပူလောင်ခံစား ရပါတယ်။ ဒါကစိတ်ပျက်စရာ လည်းဖြစ်ပါတယ်။
လူငယ်တွေ အားလုံးကြိုးစား ခဲ့ကြပြီး ကျွန်တော်တို့ကပိုကောင်းတယ် လို့တောင်ထင်ပါတယ်။ ဒီလိုပွဲကြီးမျိုးမှာ ကံကောင်းဖို့ကိုအမြဲတမ်း လိုအပ်ပြီး ချယ်လ်ဆီး အသင်းက ကံကောင်း ခဲ့တယ်လို့ ထင် ပါတယ်”ဟု ဟယ်ရီကိန်း ကပြောကြား ခဲ့သည်။
စပါးနည်းပြ ပိုချက်တီနိုက လည်းခြေစွမ်းပြကစား ခဲ့သည့် အသင်း သားများ၏ ကြိုးစားမှုကို ချီးကျူးပြော ဆိုခဲ့သည်။ ရှုံးပွဲ အပြီးတွင် အ၀တ် လဲခန်းထဲ မှအခြေ အနေနှင့် ပတ်သက်ပြီး ကိန်းက “ကျွန်တော်တို့ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူရပါမယ်။ ကျွန်တော်တို့ ကာလရှည်ဖြတ်သန်း လာခဲ့တယ်။
သိပ်ကို ငယ်ရွယ်တဲ့ အသင်းရယ်၊ နည်းပြရယ် နဲ့အတူ အဆင့်ဆင့်ဖြတ်သန်း လာခဲ့တာပါ။ ပထမဆုံးနှစ်မှာပဲ ပထမဆုံး ဖိုင်နယ်ရောက် ခဲ့တာ ကကောင်းမွန်ပြီး ဂုဏ် ယူစရာပါ” ဟုပြော ကြားခဲ့သည်။
Ref: Daily Mail
Mizzima


No comments:

Post a Comment