Pages

▼

Monday, March 2, 2015

မန်ယူတွင် ဒီမာရီယာခြေစွမ်းပြ လာလိမ့်မည်ဟု ရွန်နီပြော



မန်ယူတွင် ဒီမာရီယာခြေစွမ်းပြ လာလိမ့်မည်ဟု ရွန်နီပြော
Written by  ဝေဘုန်းလူ
လက်ရှိအချိန် တွင်ရုန်း ကန်နေ ရသော်လည်း မန်ယူ အသင်း အတွက် ဒီမာရီ ယာခြေစွမ်းပြ လာနိုင် လိမ့်မယ်ဟု အသင်းခေါင်းဆောင်ရွန်နီ ကပြောကြားလိုက် သည်။
ရာသီအစပိုင်းတွင်ခြေစွမ်းပြနိုင်ခဲ့သည့်ဒီမာရီယာမှာလက်ရှိအချိန်တွင် ရုန်းကန်နေရသည်။ ဆန်းဒါးလန်းကို ၂-၀ ဂိုးဖြင့်အနိုင် ရသည့်ပွဲ တွင်လည်း အသက် ၂၇ နှစ်အရွယ် ဒီမာရီယာ သည်ခြေစွမ်း မပြနိုင်သောကြောင့် ပထမပိုင်းအပြီးတွင်လူစားလဲခံခဲ့ရသည်။ “သူကထူးချွန်တဲ့က စားသမားတစ်ဦးပါ။
တစ်ညတည်းနဲ့တော့စွမ်းဆောင်ရည်တွေအားလုံးဆုံးရှုံးမသွားပါဘူး။ ကျွန်တော်ကတော့ သူပြန်လာမယ် လို့ထင်နေတယ်။ သူ့ရဲ့အကောင်းဆုံး ပုံစံပြန် ရပြီးခြေ စွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်။ သူ့ရဲ့ဟန်ပန်တွေပြန်ရလာလိမ့်မယ်။ သူဟာအခု အချိန်မှာရော ရာသီကုန် အထိပါ ကျွန်တော် တို့ရဲ့အဓိက ကစားသမား ဆိုတာ ကျွန်တော်ပြော ရဲပါတယ်”ဟု ရွန်နီ ကပြောကြား ခဲ့သည်။
မန်ယူ အသင်း အတွက် ပရီးမီးယားလိဂ် ၁၉ ပွဲတွင် သုံးဂိုးသွင်းယူထားသည့် ဒီမာရီယာ သည်ကွင်းပြင်ပ တွင်လည်း ခက်ခဲမှု များဖြင့်ကြုံတွေ့နေ ရသည်။ပြီးခဲ့ သည့်ဇန်န၀ါရီလအတွင်းက ချက်ရှိုင်းယားရှိ ဒီမာရီယာမိသားစုနေအိမ် မှာဖောက်ထွင်း သူများ၏ပစ် မှတ်ဖြစ်ခဲ့ရသည်။
ယင်းဖြစ်ရပ် အပြီးတွင် မန်ယူနည်းပြ ဗန်ဟားလ်က ကစားသမား ၏စိတ်ခံစားမှု အခြေအနေ အပေါ် စိုးရိမ်မိသည် ဟုပြောကြား ခဲ့ဖူးသည်။
Ref: BBC

Mizzima

No comments:

Post a Comment