Pages
▼
Monday, March 9, 2015
လေးနှစ်အတွင်း စီးရီးအေ ပထမဂိုး သွင်းယူခဲ့သည့် အီတူးကို မီဟာလိုဗစ် ချီးကျူး
လေးနှစ်အတွင်း စီးရီးအေ ပထမဂိုး သွင်းယူခဲ့သည့် အီတူးကို မီဟာလိုဗစ် ချီးကျူး
ကာဂလီယာရီကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် လေးနှစ်အတွင်း စီးရီးအေ ပထမဂိုး သွင်းယူခဲ့သည့် တိုက်စစ်မှူး ဆမ်မြူရယ် အီတူးကို ဆမ်ဒိုးရီးယား နည်းပြ ဆီနီဆာ မီဟာလိုဗစ်က ချီးကျူးပြောကြားခဲ့သည်။
ကင်မရွန်း တိုက်စစ်မှူးသည် ဇန်နဝါရီလက အဲဗာတန်မှ ဆမ်ဒိုးရီးယားသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ လာခဲ့ပြီးနောက် လေ့ကျင့်ရေးကွင်းတွင် မီဟာလိုဗစ်နှင့် အဆင်မပြေ ဖြစ်ခဲ့သည်။ သို့သော်လည်း အဆိုပါ နှစ်ဦးသည် ၎င်းတို့၏ အဆင်မပြေမှုများကို ဖြေရှင်းခဲ့ပြီးနောက် အီတူးက ကာဂလီယာရီကို အနိုင်ရရှိခဲ့သည့် ပွဲတွင် အသင်းအတွက် ဒုတိယဂိုးကို သွင်းယူရာ အဖိုးတန် အနိုင်သုံးမှတ် ရယူခဲ့သည်။
“ကစားသမား တစ်ယောက်ချင်းရဲ့ အကြောင်းကို ကျွန်တော် မပြောချင်ပါဘူး။ ကျွန်တော်တို့က စုဖွဲမှုကောင်းတဲ့ အသင်းတစ်သင်းနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် အီတူးအတွက် ပျော်ရွှင်မိပါတယ်။ ဆမ်ဒိုရီးယားကို စရောက်ရောက်ချင်းမှာ သူ့အနေနဲ့ အခက် အနည်းငယ် တွေ့ခဲ့ပေမယ့် ဒါကို ကျွန်တော်တို့ နားလည်ပေးခဲ့ပါတယ်။ သူ့အနေနဲ့ အီတလီမှာ ထူးခြားတာတွေ လုပ်နိုင်ပါလိမ့်မယ်” ဟု မီဟာလိုဗစ်က ပြောကြားခဲ့သည်။
ဆမ်ဒိုးရီးယားသည် လက်ရှိတွင် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ ၌ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရန်အတွက် တတိယနေရာမှ နာပိုလီနှင့် သုံးမှတ်ကွာဟလျက်ရှိသည်။
Soccer Myanmar

No comments:
Post a Comment