Pages

Monday, March 9, 2015

လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့ကြောင်း ကော်စတာ ဖွင့်ဟ



လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့ကြောင်း ကော်စတာ ဖွင့်ဟ

ချယ်ဆီးသို့ မပြောင်းရွှေ့မီ တစ်နှစ်ခန့်က လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် အလွန်နီးစပ်သည့် အခြေအနေတွင် ရှိခဲ့ကြောင်း ဒီယေဂို ကော်စတာက ထုတ်ဖော် ပြောကြားခဲ့သည်။

ဘရာဇီးလ်နွယ်ဖွား စပိန်လက်ရွေးစင် ကစားသမားသည် နွေရာသီက အက်သလက်တီကို မက်ဒရစ်မှ ချယ်ဆီးသို့ ယူရို သန်း ၄၀ ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ် ၂၁ ပွဲတွင် ၁၇ ဂိုး သွင်းယူနိုင်ခဲ့သည်။ ချယ်ဆီး တိုက်စစ်မှူး ကော်စတာသည် ယခုနှစ် ဘောလုံးရာသီတွင် လီဗာပူးလ်ကို အနိုင်ရခဲ့သည့် လိဂ်ဖလား ပွဲစဉ်၌ အမ်မရီကန်ကို နင်းခဲ့သောကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး မန်ချက်စတာစီးတီး၊ အက်စ်တွန်ဗီလာနှင့် အဲဗာတန်ပွဲစဉ်များကို လွဲချော်ခဲ့ရသည်။
သို့သော်လည်း မိမိအနေဖြင့် အမ်မရီကန်နှင့် တစ်သင်းတည်းတွင် တွဲဖက်ကစားရန် အလွန်နီးစပ်သည့် အခြေအနေကို ပိုင်ဆိုင်ခဲ့ဖူးကြောင်း ကော်စတကာ ဝန်ခံပြောကြားခဲ့သည်။ “ကျွန်တော် အက်သလက်တီကိုကနေ ထွက်ခွာဖို့ အလွန်နီးစပ်ခဲ့ပါတယ်။ လီဗာပူးလ်က တကယ်ကောင်းတဲ့ အသင်းတစ်သင်းပါ။ ဒါပေမဲ့ အပြင်းအထန် ကြိုးစားပြီး အခက်အခဲတွေကို ကျော်လွှား ပြီးမှ နေရာရခဲ့တဲ့ အက်သလက်တီကိုကနေ ထွက်ခွာဖို့ထက် အက်သလက်တီကိုမှာ ခြေစွမ်းပိုမိုတိုးတက်လာဖို့က အရေးကြီးတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ကော်စတာက ဖွင့်ဟခဲ့သည်။


ကော်စတာသည် အက်သလက်တီကိုတွင် စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် လိဂ်ဂိုး ၂၇ ဂိုး သွင်းယူခဲ့ပြီး ဘာစီလိုနာနှင့် ရီးယဲမက်ဒရစ်တို့ကို ကျော်ဖြတ်ကာ အသင်းနှင့် လာလီဂါ ဆုဖလား ရယူခဲ့သည်။

Soccer Myanmar

No comments:

Post a Comment