Pages
▼
Tuesday, April 14, 2015
အာရှဇုန် ၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှု
အာရှဇုန် ၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှု
၂၀၁၈ ကမ္ဘာ့ ဖလား ဒုတိယအဆင့် အုပ်စုမဲခွဲမှုများ ကို မလေးရှားနိုင်ငံ ကွာလာလမ်ပါ မြို့ မှာ ဒီနေ့ အင်္ဂါ နေ့မှာ ကျင်းပခဲ့ပါတယ်။
ရှရှား နိုင်ငံ မှာ ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ အတွက် အာရှဇုန် မှ အသင်း ၄၀ ပါဝင်ခဲ့ပြီး အုပ်စု ၈ ခု ခွဲကာ အုပ်စု တစ်ခုတွင် ၅ သင်းစီ ပါဝင်ပါတယ်။
အုပ်စု မဲခွဲမှုများမှာ
အုပ်စု အေ : : ယူအေအီး၊ ဆော်ဒီအာရေဘီးယား၊ ပါလက်စတိုင်း၊ တီမော၊ မလေးရှား
အုပ်စု ဘီ : : သြစတြေးလျှ၊ ဂျော်ဒန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ ဘင်္ဂလားဒေ့ရှ်
အုပ်စု စီ : : တရုတ်၊ ကာတာ၊ မော်ဒိုက်ဗ်၊ ဘူတန်၊ ဟောင်ကောင်
အုပ်စု ဒီ : : အီရန်၊ အိုမန်၊ အိန္ဒိယ၊ တာမန်နစ္စတန်၊ ဂူအမ်
အုပ်စု အီး : : ဂျပန်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ စင်္ကာပူ၊ ကမ္ဘောဒီးယား၊
အုပ်စု အက်ဖ် : : အီရတ်၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ တရုတ် (တိုင်ပေ)
အုပ်စု ဂျီ : : တောင်ကိုးရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ မြန်မာ၊ လာအို
အုပ်စု အိပ်ခ်ျ : : ဥစဘတ်ကစ္စတန်၊ ဘာရိန်း၊ ဖိလစ်ပိုင်၊ မြောက်ကိုးရီးယား၊ ယီမင်
တို့ဖြစ်ပါတယ်။
အသင်းတွေဟာ အိမ်ကွင်း အဝေး ကွင်း ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ဂျွန် ၁၁ ၂၀၁၅ ကနေ မတ် ၂၉ ၂၀၁၆ ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အုပ်စု ပထမရ ရှစ်သင်း နှင့် အကောင်းဆုံး ဒုတိယ ရရှိတဲ့ လေး သင်း စုစုပေါင်း ၁၂ သင်း ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး အဆင့်ကို ကစားမှာဖြစ်ပါတယ်။
Football cafe
No comments:
Post a Comment