Pages
▼
Monday, April 13, 2015
တိုရေးက ဖယ်လေးနီ ကို လူကပ်မကစားချင်ခဲ့ပါဘူး (အက်ရှ်လေယန်း)
တိုရေးက ဖယ်လေးနီ ကို လူကပ်မကစားချင်ခဲ့ပါဘူး (အက်ရှ်လေယန်း)
အိုင်ဗရီကို့စ် ကစားသမား (တိုရေး) သည် အိုးထရက်ဖို့ကွင်းမှာ မန်စီးတီး အသင်း က မန်ယူ ကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ရုန်းကန်ခဲ့ရပြီး အင်္ဂလန် တောင်ပံကစားသမား (အက်ရှ်လေယန်း) က သူ့ရဲ့အသင်းဖေါ် သည် ရင်ဆိုင် ကစားရန် မလွယ်ကူတဲ့ ကစားသမား ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမား အက်ရှ်လေယန်း က တနင်္ဂနွေ နေ့ က ကစားခဲ့သော မြို့ခံပြိုင်ဘက် ဒါဘီ ပွဲတွင် မန်ချက်စတာ စီးတီး ကစားသမား ယာယာတိုရေး အနေနဲ့ ဖယ်လ်လေးနီ ကို လူကပ်ကစားရန် ပျက်ကွက်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် က ၄-၂ ဖြင့် အနိုင်ရရှိခဲ့သော ဒါဘီ ပွဲမှာ ယန်း နှင့် ဖယ်လ်လေး နီ တို့ ပူးပေါင်း တိုက်စစ် ဆင် ခဲ့ကြပြီး ဖယ်လ်လေးနီ ခေါင်းတိုက် ဂိုး သွင်ယူနိုင်ရန် ယန်း က ဂိုးဖန်တီး ပေးခဲ့ပြီး အင်္ဂလန် တောင်ပံကစားသမား ကိုယ်တိုင်လည်း တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
အက်စတွန်ဗီလာ ကစားသမားဟောင်း က ဖယ်လ်လေးနီ သည် ရင်ဆိုင်ကစား ရန် ခက်ခဲသော ကစားသမားဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပြီး တိုရေး အနေနဲ့ အဲဗာတန် ကစားသမားဟောင်း ကို လုံလောက်တဲ့ ယှဥပြိုင်နိုင်မှု မရှိခဲ့ဘူး လို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။
"""ဖယ်လ်လေးနီ ဟာ အကောင်းဆုံး စွမ်းဆောင်ပြခဲ့ပါတယ်၊ လူတိုင်း တူညီ တဲ့ စကားပဲပြောကြပါလိမ့်မယ်၊ အသင်းကိုရောက်လာကတည်းက သူဟာ ထူးချွန်ထက်မြက်တဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်၊ အရင်ကလည်း ကျွန်တော်ပြောခဲ့ပါတယ်၊ သူ့ကို လူအနည်းငယ် ကပဲ ထိန်းချုပ်နိုင်ပါတယ်၊ ဒီနေ့ကတော့ သူ့ရဲ့နေ့ပါပဲ၊ သူဟာ ရင်ဆိုင်ကစားဖို့ မလွယ်တဲ့ကစားသမားပါ၊ ယာယာတိုရေး အနေနဲ့ နောက်တစ်ကြိမ် ဖယ်လ်လေး နီ ကို ရင်ဆိုင် ကစားဖို့ ဆန္ဒ ရှိနေလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး၊ သူဟာပွဲရဲ့ အခြားတစ်ဘက်မှာ ရှိနေချင်ခဲ့ပါတယ်၊ ဒါပေမဲ့ သူ့မှာ ဖယ်လ်လေးနီ ကို ကပ်ကစားရမဲ့ အလုပ်ရှိနေပါတယ်။ ဖယ်လ်လေးနီ ဂိုးဧရိယာထဲမှာ ရှိနေချိန် ခင်ဗျား သူ့ကို ရှာနိုင်ပါတယ်၊ အသေအချာပါပဲ ခင်ဗျား ဂိုး ရရှိဖို့ အခွင့် အရေး ရရှိမှာဖြစ်ပါတယ်""" လို့ မန်ယူတီဗီ သို့ အက်ရှ်လေယန်း ကပြောကြားခဲ့ပါတယ်။
#KS
Football Cafe
No comments:
Post a Comment