Pages

Sunday, April 12, 2015

ဘန်လေ ကို အနိုင်ရရှိခဲ့ပြီး ရှစ်ပွဲဆက် အနိုင်ရရှိခဲ့တဲ့ အာဆင်နယ် ပရီးမီးယားလိဂ်ဖလားရရှိခဲ့တဲ့ နှစ်က စံချိန်ကို ကျော်နိုင်မလား



ဘန်လေ ကို အနိုင်ရရှိခဲ့ပြီး ရှစ်ပွဲဆက် အနိုင်ရရှိခဲ့တဲ့ အာဆင်နယ် ပရီးမီးယားလိဂ်ဖလားရရှိခဲ့တဲ့ နှစ်က စံချိန်ကို ကျော်နိုင်မလား

အာဆင်နယ် အသင်း သည် စနေနေ့ည က ဘန်လေ ကို ၁-၀ ဖြင့် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ဇယား ထိပ်က ချယ်ဆီးနှင့် နီးကပ်လာခဲ့ပြီဖြစ်ပြီး အာဆင်နယ် အသင်း သည် ၂၀၀၃-၀၄ ခုနှစ် ပရီးမီးယားလိဂ် ဖလားရရှိခဲ့တဲ့နှစ်က တင်ခဲ့သော ရှစ်ပွဲဆက် အနိုင်စံချိန်နှင့် တူညီခဲ့ပြီ ဖြစ်ပါတယ်။

တာ့ဖ်မော အားကစားကွင်း မှာ အာရွန်ရမ်းဆေး က ၁၂ မိနစ် မှာ တစ်လုံးတည်း သော အနိုင်ဂိုး ကို သွင်းယူပေးခဲ့ သောကြောင့် အာဆင်ဝင်းဂါး ရဲ့ အသင်းသည် ပထမနေရာ မှ ချယ်ဆီး နှင့် ၄ မှတ် သာ ကွာဟတော့ပြီး ချယ်ဆီးကတော့ လက်ထဲမှာ ၂ ပွဲကစားရန် ကျန်နေပါသေးတယ်။

ယခုရာသီ ပရီးမီးယားလိဂ် ဖလားဆွတ်ခူးဖို့ အတွက် မော်ရင်ညို ရဲ့ အသင်းကို ဖိအားပေးရန် ယခုအနိုင်ဟာ မြောက်ပိုင်း လန်ဒန် အသင်းအတွက် အလွန်အရေးကြီးပါတယ်။ ဒီအနိုင် ဟာ အာဆင်နယ် အသင်းအတွက် အမှတ်ပေးပွဲမှာ ရှစ်ပွဲဆက်တိုက် အနိုင်လည်း ဖြစ်ပါတယ်။ အမှတ်ပေးဖလားရရှိခဲ့တဲ့ ၂၀၀၄ ခုနှစ်ကလည်း အာဆင်နယ် အသင်းသည် ပထမဆုံး အကြိမ် ရှစ်ပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

#KS
Football cafe

No comments:

Post a Comment