Pages

Sunday, April 12, 2015

ဟာနန်ဒက်စ် ရဲ့ အပြောင်းအရွှေ့ ဆွေးနွေးမှုများ ရပ်တန့်ထားမည့် ရီးရဲမက်ဒရစ်



ဟာနန်ဒက်စ် ရဲ့ အပြောင်းအရွှေ့ ဆွေးနွေးမှုများ ရပ်တန့်ထားမည့် ရီးရဲမက်ဒရစ်

ရီးရဲမက်ဒရစ် နည်းပြ ကားလို့စ် အန်ဆလော့တီ က မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂျာဗီးယား ဟာနန်ဒကစ် ရဲ့ အပြောင်းအရွှေ့ဆွေးနွေးမှုများကို ရာသီအကုန်အထိ ဆွေ့ဆိုင်းထားမည် ဖြစ်တယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။

ရီးရဲမက်ဒရစ် အသင်း သည် မန်ချက်စာယူနိုက်တက် မှ ရီးရဲ သို့ အငှားဖြင့်လာရောက်ကစားနေသော တိုက်စစ်မှူး ဟာနန်ဒက်စ် ကို စနေနေ့ က အီလ်ဘာ နှင့် ပွဲတွင် ရှားရှားပါးပါး ပွဲထွက်ခွင့် ပေးခဲ့ပြီး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

မက္ကဆီကန် တိုက်စစ်မှူး သည် နည်းပြ လူးဝစ် ဗန်ဂါးလ် ရဲ့ အစီအစဉ် များတွင် ပါဝင်ခြင်း မရှိတော့သဖြင့် လာမည့် ရာသီတွင် မန်ယူမှ ထွက်ခွာရဖို့မျှော်လင့်နေပါတယ်။

ကားလို့စ်အန်ဆလော့တီ က သတင်းစာ ရှင်းလင်းပွဲတွင် စေ့စပ်ညှိနှိုင်းမှုများကို ရာသီအကုန်မှ ပြန်လည်ဆွေးနွေးတော့မည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

"""ချီချာရီတို ရဲ့ ကစားပုံ အလွန်ကောင်းခဲ့ပါတယ်၊ သူဟာ ယခုအချိန်အထိ မန်ချက်စတာယူနိုက်တက်ကစားသမားတစ်ယောက်ပါ၊ ဒါပေမဲ့ ကျွန်တော်တို့ ဆွေးနွေးမှုများကိုတော့ ရာသီ အကုန်အထိ ရပ်နားထားပါမယ်""" လို့ အန်ဆလော့တီ က ပြောကြားခဲ့ပါတယ်။

#KS
Football cafe

No comments:

Post a Comment