Pages

Sunday, April 12, 2015

ကာဆီးလက်စ် ကို မရောင်း ပဲ ဒီဂီယာ အနေနှင့် ရီးရဲမက်ဒရစ် သို့ ပြောင်းရွှေ့လိမ့်မည်မဟုတ်



ကာဆီးလက်စ် ကို မရောင်း ပဲ ဒီဂီယာ အနေနှင့် ရီးရဲမက်ဒရစ် သို့ ပြောင်းရွှေ့လိမ့်မည်မဟုတ်

မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒီဂီယာ က ရီးရဲမက်ဒရစ် အသင်း က သူတို့ရဲ့ ဂိုးသမား အိုင်ကာ ကာဆီးလက်စ် မရောင်းချပဲ နှင့် သူ မက်ဒရစ်သို့ ပြောင်းရွှေ့လိမ့်မည် မဟုတ်ဘူးလို့ ဒီဂီယာ ကပြောကြားခဲ့ပါတယ်။

ဆန်တီယာဂို ဘာနေဗျူး အသင်း သည် မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒီဂီယာ ကို နွေရာသီ မှာ မက်ဒရစ်သို့ ခေါ်ယူနိုင်ရန် စည်းရုံးခဲ့ပါတယ်။ ဒါပေမဲ့ ဒီဂီယာ ရဲ့ လိုအပ်ချက်တွေ ကို El Confidencial ကဖေါ်ပြခဲ့ပါတယ်။

ကာဆီးလက်စ် နှင့် ဒီဂီယာ အကြားတွင် ပြီးခဲ့သည့် ဘရာဇီးလ် ကမ္ဘာ့ဖလား ရှုံး နိမ့်ခဲ့ရပြီးနောက် ဆက်ဆံရေး အေးခဲလျှက် ရှိပြီး တစုံတရာ ပြသနာ ရှိနေတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

ရီးရဲမက်ဒရစ် အသင်း ဟာ ယခုအချိန်မှာ ဒီဂီယာ ကို မခေါ်ယူနိုင်ခဲ့ပါက ဘေယာလေဗာကူဆင် ဂိုးသမား လီနို ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတယ် လို့ သိရပါတယ်။

ရီးရဲမက်ဒရစ် အသင်းသည် ကာဆီးလက်စ် ကို အသင်း မှာ ဆက်လက် ထိန်းသိမ်း သွားမည်ဖြစ်ပြီး ဒီဂီယာ သည်လည်း နောက်တစ်ရာသီ မန်ချက်စတာယူနိုက်တက် အသင်းမှာ ဆက်နေသွားမယ် လို့ သတင်းများတွင်ဖေါ်ပြလျှက်ရှိနေပါတယ်။

#KS
Football cafe

No comments:

Post a Comment