Pages

Sunday, April 12, 2015

ဖရီးကစ်ကနေ ဂိုးခန်းခြောက်မှုကို အဆုံးသတ်လိုက်တဲ့ ရော်နယ်ဒို



ဖရီးကစ်ကနေ ဂိုးခန်းခြောက်မှုကို အဆုံးသတ်လိုက်တဲ့ ရော်နယ်ဒို
=========================
ရီးရဲမှာ ဖရီးကစ်ကနေ ဂိုးမဝင်တာ ၁နှစ်နီးပါးရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့စနေ အယ်လ်ဘာနဲ့ပွဲမှာ ပထမဆုံးအကြိမ် ပြန်သွင်းနိုင်ခဲ့ပါတယ်။ ပေါ်တူဂီစတားဟာ ၂၀၁၄ ဧပြီမှာ ဘိုင်ယန်မြူးနစ်ကို ဂိုးသွင်းပြီးချိန်ကစလို့ အလွတ်တည်ကန်ဘော အကြိမ် ၅၀ ထက်မနည်း ကန်သွင်ခဲ့ရာမှာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။
အသက် ၃၀ ရှိ အဆိုပါကစားသမားဟာ အလွတ်တည်ကန်ဘော ၅၆ ကြိမ်ကနေ ဂိုးမရခဲ့လို့ ဝေဖန်ခံနေခဲ့ရပါတယ်။ ပေါ်တူဂီစတားဟာ အယ်လ်ဘာနဲ့ ပွဲကစားချိန် ၂၁ မိနစ်မှာ ကန်သွင်းတဲ့ဂိုးဟာ သည်ရာသီရဲ့ ၄၉ ဂိုးမြောက်ဖြစ်လည်း ဖြစ်ပါတယ်။
free kick ကနေ ရော်နယ်ဒို နောက်ဆုံးကန်သွင်းခဲ့တာက ၂၀၁၄ ဧပြီ၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ၄-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်ဟာ လာလီဂါမှာ ဘာစီလိုနာရဲ့အောက် ၂မှတ်အကွာမှာ ရပ်တည်နေပါတယ်။
‪#‎လာလေယောင်း‬
Football cafe

No comments:

Post a Comment