Pages
▼
Wednesday, April 15, 2015
နောက်ဆုံးရ အပြောင်း အရွှေ့သတင်းတိုများ
နောက်ဆုံးရ အပြောင်း အရွှေ့သတင်းတိုများ
ပီအက်စ်ဂျီ အသင်း သည် အာဆင်နယ် ရဲ့ ညာနောက်ခံလူ ကို ခေါ်ယူချင်နေတယ် လို့ သိရပါတယ်။ ပြင်သစ် နောက်ခံလူ သည် ပြီးခဲ့သည့် နွေရာသီကမှ အာဆင်နယ် အသင်းသို့ နယူးကက်စတယ်လ် အသင်းမှ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၁၀ ပွဲသာ ပါဝင်ကစားရပါသေးတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီ အသင်းသည် သူတို့ရဲ့ အသင်းက နောက်တန်းကစားသမား ဂရီဂိုရီ ဗန်ဒါဝီလ် ကို ရောင်းထုတ်သွားပြီး ပြင်သစ် နောက်ခံလူ ကို ပြင်သစ် သို့ ပြန်လည် ခေါ်ယူ သွားလိုနေတယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဆောက်သမ်ပတန် ညာနောက်ခံလူ အက်ဒ်ဝင် ဆလင်း ကို ချီချာရီတို ကို အပြောင်းအရွှေ့ တစိတ်တပိုင်း အဖြစ် အလိုက်ပေး၍ ခေါ်ယူနိုင်မည်လို့မျှော်လင့်နေပါတယ်။ ဆလင်း ကို လီဗာပူးလ် နှင့် ချယ်ဆီး အသင်းတို့ကလည်း အလိုရှိနေပါတယ်။ ဒါပေမဲ့ ယူနိုက်တက် အသင်းသည် ချီချာရီတို ကို အလိုက်ပေး၍ စိန့်ရဲ့ အသည်းစွဲ ဆလင်း ကို ခေါ်ယူနိုင်လိမ့်မည်လို့ မျှော်လင့်နေပါတယ်။
တော့တင်ဟမ် ဟော့စပါး အသင်းသည် ဝက်စ်ဟမ်း အသင်း နှင့် သဘောတူညီမှုရရှိပြီးသော ဘေဆယ်လ် နောက်ခံလူ ဖေဘီယန်ရှား ကို ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဟမ်းမား အသင်း သည် ဆွစ် နောက်ခံလူ ကို အချိန်အတော် ကြာကတည်း က အလိုရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆမ်အလာဒိုက်စ် ရဲ့ အနာဂတ် သည် မသေချာသောကြောင့် ကစားသမား သည် စပါးအသင်း သို့ ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ သိရပါတယ်။
မန်ချက်စတာစီးတီး အသင်း သည် စတာလင် ကို နွေရာသီ တွင် ခေါ်ယူမည့် နံပတ် တစ် ပစ်မှတ် ဖြစ်တယ်လို့ သိရပါတယ်။ စတာလင် ကို အခြားစိတ်ဝင်စားခဲ့တဲ့ အသင်းဖြစ်တဲ့ အာဆင်နယ် အသင်း သည် စတာလင် ရဲ့ ရှီရှားပိုက် ကို ကိုင်ပြီး စိတ်တက်ကြွစေသော မီးခိုးငွေ့များ ရှူရှိုက် နေသောဓါတ်ပုံများထွက်ပေါ်လာပြီးနောက် ခေါ်ယူတော့မည် မဟုတ်ဘူးလို့သိရပါတယ်။ ဒါပေမဲ့ မန်စီးတီး အသင်း သည် အပြောင်းအရွှေ့တံခါး ဖွင့်တာနဲ့ ပေါင်သန်း ၅၀ ဖြင့် ကမ်းလှမ်း သွားမယ်လို့သိရပါတယ်။
ဆွမ်ဆီး အသင်း သည် ရာသီ အကုန် တွင် စာချုပ်သက်တမ်း ပြည့်တော့မည့် မာဆေးအသင်းမှ အန်ဒရီအရူး ကို ခေါ်ယူရန် ချည်းကပ်နေတလို့သိရပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်း သည် နွေရာသီတွင် ဂျာမန်ကွင်းလယ် လူ ခီဒီယာ ကို ခေါ်ယူနိုင်ရန် ယုံကြည်နေတယ်လို့သိပါတယ်။ ခီဒီယာ သည် ရာသီ အကုန်တွင် ရီးရဲ အသင်း မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရရှိမည်ဖြစ်ပါတယ်။ လူးဝစ်ဗန်ဂါး သည် လီဗာပူးလ် အသင်းကလည်း အလိုရှိနေသော ရီးရဲမက်ဒရစ် ကွင်းလယ်လူ ကို လက်ဦးမှု ရယူနိုင်လိမ့်မည်လို့ မျှော်လင့်နေပါတယ်။
မန်ချက်စတာ စီးတီး အသင်း သည် လာမည့်နွေရာသီတွင် ဂွါဒီယိုလာ ကို ခေါ်ယူနိုင်လိမ့်မည်လို့မျှော်လင့်နေပါတယ်။ စီးတီး အသင်း သည် အသင်းရဲ့နည်းပြ ပယ်လ်လီဂရီနီ နှင့် အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ယာယာတိုရေး၊ နာဆရီ တို့ကို အခြားအသင်း သို့ ပြောင်းရွှေ့စေပြီး ဂွါဒီယိုလာ အတွက် စတာလင် ကို ပထမဆုံးခေါ်ယူပေးမယ်လို့ သိရပါတယ်။
လာဇီယို အသင်း သည် ဝက်စ်ဟမ်း နှင့် လီဗာပူးလ် အသင်းတို့ က ခေါ်ယူရန် အလိုရှိနေသော ဂျာဗီးယား ဟာနန်ဒက်စ် ကို ကြားဖြတ် ခေါ်ယူသွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ စီးရီးအေ အသင်းသည် ဟာနန်ဒက်စ် ကို ပေါင် ၈ သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းသွားရန်ပြင်ဆင်နေပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း လက်ရှိအချိန် တွင်လက်ခံစဉ်းစားသွားဖွယ်ရှိတယ်လို့သိရပါတယ်
#KS
Football Cafe
No comments:
Post a Comment