Pages

Wednesday, April 15, 2015

အီဘရာဟီမိုဗစ် မပါလည်း ပီအက်စ်ဂျီ က ဘာစီလိုနာ ကို အနိုင်ယူသွားနိုင်ပါတယ် (လူးဝစ်အင်းနရစ်)



အီဘရာဟီမိုဗစ် မပါလည်း ပီအက်စ်ဂျီ က ဘာစီလိုနာ ကို အနိုင်ယူသွားနိုင်ပါတယ် (လူးဝစ်အင်းနရစ်)

ဘာကာ နည်းပြ အင်းနရစ် က ပီအက်စ်ဂျီအသင်း တွင် ထိပ်တန်း ဂိုးသွင်းသူ မိုဗစ် ပွဲပယ်ခံထားရသဖြင့် ပါဝင်နိုင်ခြင်း မရှိသော် ဘာကာ အနေနဲ့ ဂိုးများပေးရနိုင်ကြောင်း မျှော်လင့်နေပါတယ်။

ဗုဒ္ဓဟူး နေ့ တွင် ကစားမည့် ချန်ပီယံလိဂ် ပွဲတွင် ပီအက်စ်ဂျီတွင် မိုဗစ် မပါနိုင်သော်လည်း ပီအက်စ်ဂျီ အသင်းတွင် ဂိုးသွင်းစွမ်းရည် ကျဆင်း လိမ့်မယ် လို့မထင်ကြောင်း ၊ သူတို့ရဲ့ အဓိက တိုက်စစ်မှူး မပါဝင်သော်လည်း လီဂူး ဝမ်း ချန်ပီယံ အသင်း အနေနဲ့ ကတ်တလန် အသင်းကို အနိုင်ယူသွားနိုင်ကြောင်း သတိပေးပြောကြားလိုက်ပါတယ်။

ဘာကာ နှင့် ပီအက်စ်ဂျီ အသင်းတို့သည် အုပ်စု ပွဲစဉ်များတွင် တစ်အုပ်စုတည်းကျခဲ့ကြပြီး ပဲရစ် တွင် ပီအက်စ်ဂျီ က ၃-၂ ဖြင့် အနိုင်ရရှိခဲ့ပြီး ကမ့်နူး တွင် ဘာကာ က ၃-၁ ဖြင့် ပြန်လည် အနိုင်ရရှိခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းတွင် ချန်ပီယံလိဂ် ပထမ အကျော့ တွင် အီဘရာမိုဗစ် ပွဲပယ်ခံထားရပြီး ကစားသမားအတော်များများဒဏ်ရာရရှိနေကြပေမဲ့လျှော့တွက် ရင် မိုက်မဲမှုသာဖြစ်ကြောင်း အင်းနရစ် က ယုံကြည်နေပါတယ်။

"""ပဲရစ်မှာ ကစားသမား အတော်များများ မပါဝင်နိုင်ပါဘူး၊ ဒါပေမဲ့ ဇာလတန် မပါပဲ သူတို့ အနိုင်ရခဲ့တာကို မမေ့ပါနဲ့ ၊ သူပါတော့လည်း ကျွန်တော်တို့ အနိုင်ရရှိခဲ့ပါတယ်""" လို့ ဘာကာနည်းပြ က အင်္ဂါနေ့က သတင်းသမားများကို ပြောကြားခဲ့ပါတယ်။

"""သူတို့မှာ အကောင်းဆုံး ကစားသမားများရှိပြီး ၁၆ သင်းအဆင့် က ချယ်ဆီး ကို အနိုင်ရရှိခဲ့ကြပါတယ်၊ နှစ်ကျော့ စလုံး ဂိုးများ အပြန်အလှန် သွင်းနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်၊ တိုက်စစ်နဲ့ခံစစ် အားပြိုင်ကြမှာဖြစ်ပြီး ကျွန်တော်တို့ကတော့ တိုက်စစ် ဆင်ပြီး သူတို့ကတော့ ခံစစ် ကစားကြပါလိမ့်မယ်။ ပဲရစ် အသင်းက နောက်တန်း ကို ခိုင်မာအောင်ပြင်ဆင်ပြီး တန်ပြန်တိုက်စစ် ဆင်ကစားလိမ့်မယ် လို့ကျွန်တော်ထင်ပါတယ်၊ ဒီပွဲဟာ အကောင်းဆုံးဖျော်ဖြေမှုပေးမဲ့ပွဲကောင်း တစ်ပွဲဖြစ်မှာပါ၊ ဂိုးအများအပြားသွင်းယူကြမယ်လို့ထင်ပါတယ်၊ ကျွန်တော်တို့က ပဲရစ်အသင်း ထက် ဂိုးပို သွင်း နိုက်လိမ့်မယ်လို့ထင်ပါတယ်၊ ဒါဟာ လွယ်တော့မလွယ်ပါဘူး၊ မကြာသေးတဲ့အချိန်ကပဲ
သူတို့နဲ့ ခက်ခဲတဲ့ပွဲတွေ ကစားခဲ့ကြတာဖြစ်ပါတယ်""" လို့ လူးဝစ် အင်းနရစ် ကပြောကြားခဲ့ပါတယ်။

‪#‎KS‬
Football Cafe

No comments:

Post a Comment