Pages
▼
Monday, April 13, 2015
လီဝန်ဒေါစကီးနှင့် ရှဝိန်းစတိုင်ဂါ တို့ကို ခေါ်ယူရန် ကြံစည် နေသည့် မန်ချက်စတာ ယူနိုက်တက်
လီဝန်ဒေါစကီးနှင့် ရှဝိန်းစတိုင်ဂါ တို့ကို ခေါ်ယူရန် ကြံစည် နေသည့် မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက် အသင်းသည် ဘိုင်ယန်မြူးနစ် ကစားသမားများဖြစ်သည့် လီဝန်ဒေါစကီး နှင့် ရှဝိန်းစတိုင်ဂါ တို့ နှစ်ဦး ကို ခေါ်ယူရန် ကြံစည်နေတယ်လို့သိရပါတယ်။
ဘိုင်ယန် အသင်းကလည်း ယင်း ကစားသမား နှစ်ယောက် ကို ရောင်းချသွား လိုနေသဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းကို အချက်ပေးလိုက်ပါတယ်။
ထို ကစားသမား နှစ်ယောက်သည် ဘိုင်ယန် ပရိတ်သတ်များရဲ့ အသည်းစွဲ ကစားသမားများ ဖြစ်ပေမဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းကတော့ စုံစမ်းမှုများပြုလုပ်ပြီးနေပြီလို့သိရပြီး ဂွါဒီယိုလာ ရဲ့ အနာဂတ် အစီအစဉ်များတွင် မပါဝင်ခဲ့ရင် ရောင်းချသွား မှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်း သည် ၂၆ နှစ်သား လီဝန်ဒေါစကီး ကို အချိန်အတော်ကြာကတည်းက စိတ်ဝင်စားနေပြီး ၃၀ နှစ်သား ရှဝိန်းစတိုင်ဂါ ကိုတော့ နည်းပြဟောင်း မိုရက်စ် လက်ထက်ကတည်း က ခေါ်ယူလိုနေတာဖြစ်ပါတယ်။
ဂျာမန် ကွင်းလယ်လူသည် လက်ရှိမန်ယူ နည်းပြ လူးဝစ်ဗန်ဂါးလ် နှင့် ဘိုင်ယန်မြူးနစ် အသင်းမှာ ဗန်ဂါးလ် နည်းပြစဉ် ကတည်း က နှစ်ဦးကြား ဆက်ဆံရေးကောင်းများမရှိခဲ့ပါဘူး။ ဒါပေမဲ့ ပေါင် ၁၀ သန်း ဝန်းကျင်ဖြင့်ခေါ်ယူဖို့ ဖြစ်နိုင်ဖွယ် ရှိပါတယ်။
တိုက်စစ်မှူး လီဝန်ဒေါစကီး သည် ဘိုင်ယန်မြူးနသ် အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေး ဖြင့် ရောက်ရှိလာပေမဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ ဝန်းကျင် ရှိတယ်လို့သိရပါတယ်။
#KS
Football Cafe
No comments:
Post a Comment