Pages

Monday, April 13, 2015

ပရီးမီးယားလိဂ်ဖလား အောင်ပွဲခံရန် အဆင်သင့်ဖြစ်နေပြီ (ဟာဇက်)



ပရီးမီးယားလိဂ်ဖလား အောင်ပွဲခံရန် အဆင်သင့်ဖြစ်နေပြီ (ဟာဇက်)

ချယ်ဆီး အသင်း သည် ကျူပီအာ အသင်း ကို အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာမှ အသင်း ကို ၇ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ကာ ဇယားထိပ်မှာ အမှတ်ပြတ်ဖြင့် ဦးဆောင်နေပြီး ဘယ်လ်ဂျီယံ သားက ငါး နှစ် ကြာပြီး နောက် မှာ ပရီးမီးယားလိဂ်ဖလား အောင်ပွဲခံရန် နီးစပ်နေပြီလို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။

ချယ်ဆီး အသင်း သည် အဓိကတိုက်စစ်မှူး ဒီယေဂိုကော်စတာ မပါဝင် ပေမဲ့ လိုအပ်တဲ့ အနိုင်ဂိုး ကို တော့ ပွဲချိန် ၈၈ မိနစ် မှာ ဖာဘရီဂက်စ် က သွင်းယူပေးနိုင်ခဲ့ပြီး တန်းဆင်းဇုန်မှ ခရစ်ရမ်းဆေး ရဲ့ ကျူပီအာ အသင်းကို အနိုင်ရရှိခဲ့ပါတယ်။

ချယ်ဆီးအသင်း ဟာ ယခုနိုင်ပွဲကြောင့် လက်ကျန်တစ်ပွဲအပါအဝင် ဒုတိယနေရာမှ အာဆင်နယ် အသင်းကို ၇ မှတ် ဖြတ်ထားနိုင်ဆဲဖြစ်ပြီး မန်ချက်စတာယူနိုက်တက် ၊ အာဆင်နယ် အသင်း တို့နှင့် လာမည့် ပရီးမီးယားလိဂ်ပွဲများ ကစားသွားရမည်ဖြစ်ပါတယ်။

ဟာဇက် က ခက်ခဲတဲ့ပွဲတွေ ယခုအချိန်အထိ လာဖို့ရှနေသေးပြီး သူတို့ အသင်းဟာ ၂၀၁၀ နောက်ပိုင်း အမှတ်ပေးဖလားရဖို့ နီးစပ်နေပြီလို့ပြောကြားခဲ့ပါတယ်။

"""ကျွန်တော်တို့ အောင်ပွဲခံဖို့ အနီးစပ်ဆုံးဖြစ်နေပါပြီ၊ ဒါပေမဲ့ ဒါဟာ မပြီးဆုံးသေးပါဘူး၊ ပရီးမီးယားလိဂ် ပွဲတွေမှာ အမှတ်ပြတ် နဲ့ ဦးဆောင်ဖို့ အရမ်း ခက်ခဲတယ် ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်၊ အရေးကြီးတဲ့ ပွဲ နှစ်ပွဲဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းတို့ နဲ့ ကစားရမဲ့ ပွဲ နှစ်ပွဲလာနေပါပြီ၊ အဲဒီ နှစ်ပွဲထဲက တစ်ပွဲနိုင်မယ်ဆိုရင် ကျွန်တော်တို့ အိုကေပါပြီ၊ ကျွန်တော် တို့ အမှတ်ပေးဖလား ပြန်လည်သိမ်းပိုက်ဖို့ နီးကပ်နေပါပြီ၊ ဒါပေမဲ့ မပြီးသေးပါဘူး၊ ကျွန်တော်တို့ ပိုပြီး အလုပ် လုပ်ဖို့လိုပါတယ်""" လို့ အီဒင် ဟာဇက် က Canal Plus သို့ပြောကြားခဲ့ပါတယ်။

#KS
Football Cafe

No comments:

Post a Comment