Pages

Sunday, February 1, 2015

စတားရစ်ခ်ျသည် ထိပ်တန်းအဆင့် ကစားသမားတစ်ဦး ဖြစ်ကြောင်း ရော်ဂျာ ချီးကျူး



လီဗာပူးလ်က ဝက်စ်ဟမ်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဒဏ်ရာကြောင့် ကာလကြာရှည် အနားယူခဲ့ရာမှ ပြန်လည် ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းယူခဲ့သည့် အင်္ဂလန် လက်ရွေးစင် ကစားသမား ဒန်နီရယ် စတားရစ်ခ်ျကို ဘရန်ဒန် ရော်ဂျာက ချီးကျူးပြောကြားမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် လီဗာပူးလ်သည် ရာဟင်းမ် စတာလင်၏ ဂိုးဖြင့် ဦးဆောင်နေချိန်တွင် အားပြင်းသည့် ကန်ချက်ဖြင့် အသင်းအတွက် ဒုတိယဂိုး သွင်းယူခဲ့သည့် စတားရစ်ခ်ျကို လူစားဝင် ကစားသမားအဖြစ် ထည့်သွင်းခဲ့သည်။

စတားရစ်ခ်ျသည် ဒဏ်ရာကြောင့် ၅ လခန့် အနားယူခဲ့ရသူ ဖြစ်ပြီး ယခုကဲ့သို့ ပွဲပြန်ကစားနိုင်ချိန်တွင် ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း ရော်ဂျာက ဆိုခဲ့သည်။

“လွန်ခဲ့တဲ့နှစ်တွေကတည်းက သူက အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့သူပါ။ အခုလို သူ ဂိုးပြန်သွင်းနိုင်ခဲ့တာဟ သိပ်ကိုကောင်းပါတယ်။ သူ ပွဲမကစားခဲ့ရတဲ့ အချိန်က အတော့်ကို ကြာခဲ့ပါတယ်။ သူက ထိပ်တန်းအဆင့် ကစားသမားတစ်ယောက်ပါ။ ဒါကို လက်ရှိ သူ့ရဲ့ ကစားသမားဘဝမှာတင် ပြသနိုင်ခဲ့ပြီလို့ ကျွန်တော် ထင်ပါတယ်။ သူက ဒီနေ့ပွဲမှာ ၂၅ မိနစ်ပဲ ကစားရပေမယ့် အသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်။ သူက အပြင်းအထန် ကြိုးစားခဲ့သလို ဒုတိယမြောက် ရရှိတဲ့ အခွင့်အရေးမှာတင်ပဲ ဂိုးသွင်းယူခဲ့တာပါ” ဟု ရော်ဂျာက ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment