ဝါရင့်ကွင်းလယ်လူ ကာရစ်ကို တစ်နှစ်သက်တမ်းတိုးရန် ယူနိုက်တက် စီစဉ်
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဝါရင့် ကွင်းလယ် ကစားသမားကြီး မိုက်ကယ်ကာရစ်ကို တစ်နှစ် သက်တမ်းတိုး စာချုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။
အင်္ဂလန်သား ကစားသမားသည် ယူနိုက်တက်ကို မန်နေဂျာ လူးဝစ်ဗန်ဂါးလ် တာဝန်ယူ ကိုင်တွယ်ချိန်တွင် အသင်း၏ အရေးပါသော အစိတ်အပိုင်း တစ်ရပ်အဖြစ် ဆက်ရှိနေခဲ့သည်။ ကာရစ်၏ စာချုပ်သည် ရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သော်လည်း အသင်းက နောက်ထပ် (၁၂)လစာ သက်တမ်းတိုးသွားရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ကာရစ်သည် ခြေကျင်းဝတ် ဒဏ်ရာကြောင့် လအတန်ကြာ အနားယူခဲ့ရသော်လည်း နိုဝင်ဘာလတွင် ပြန်ကစားနိုင်ခဲ့ပြီးနောက် ဗန်ဂါးလ်၏ လက်ရုံးတစ်ဦး ဖြစ်လာသည်။
သို့သော်လည်း နောက်ထပ် ခြေသလုံးကြွက်သား ဒဏ်ရာတစ်ခု ရရှိခဲ့ခြင်းက ကာရစ်အတွက် စိတ်ပျက်စရာ ဖြစ်လာစေသည်။ ကာရစ်သည် လက်ရှိ တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၃၀၀၀၀)ထိ ရရှိနေသူဖြစ်ပြီး အသင်းတွင် ဆက်ကစားရန် ဆန္ဒရှိကြောင်း ဖွင့်ဟထားသည်။ ဗန်ဂါးလ်ရော၊ ယူနိုက်တက် လက်ထောက်မန်နေဂျာ ရိုင်ယန်ဂစ်ကပါ အသက်(၃၃)နှစ်ရှိ ကစားသမားကို နောက်ထပ်တစ်ရာသီစာ သက်တမ်းတိုး ထိန်းသိမ်းထားရန် မျှော်လင့်နေပြီး ရာသီမကုန်မီ စာချုပ်သစ် ချုပ်ဆိုသွားနိုင်ဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Soccer Myanmar
0 comments:
Post a Comment