Pages
▼
Tuesday, April 7, 2015
စွမ်းဆောင်ရည်ပိုင်း ကျဆင်းလာသည့် ဖာဘရီဂက်စ်ကို မော်ရင်ဟို ကာကွယ်
စွမ်းဆောင်ရည်ပိုင်း ကျဆင်းလာသည့် ဖာဘရီဂက်စ်ကို မော်ရင်ဟို ကာကွယ်
ချယ်လ်ဆီးအတွက် နောက်ပိုင်းပွဲစဉ်များတွင် ခြေစွမ်းမပြနိုင်ဘဲ ဖြစ်နေသည့် ဆက်စ်ဖာဘရီဂက်စ်နှင့် ပတ်သက်ပြီး အသင်းမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ကာကွယ် ပြောကြားလိုက်သည်။
၎င်းက ဂိုးဖန်တီးမှုများ အားနည်း ကျဆင်းလာသည့်တိုင် စပိန်လက်ရွေးစင် ကစားသမားသည် အံ့အားသင့်စရာ အရည်အသွေးများ ရှိနေသူ တစ်ဦးအဖြစ် မှတ်ချက်ပြုခဲ့သည်။ ဖာဘရီဂက်စ်သည် ယခုဘောလုံးရာသီ အစပိုင်းက ချယ်လ်ဆီးသို့ ပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ် (၂၁)ပွဲတွင် ဂိုးဖန်တီးမှု (၁၅)ကြိမ် ပြုလုပ်ပြခဲ့သည်။ သို့သော်လည်း နောက်ဆုံးကစားသည့် ပြိုင်ပွဲစုံ (၁၃)ပွဲတွင်မူ ၎င်းသည် စုစုပေါင်း ဂိုးဖန်တီးမှု (၁)ကြိမ်သာ စွမ်းဆောင်နိုင်ခဲ့သည်။
စွမ်းဆောင်ရည်ပိုင်း ကျဆင်းလာမှုကြောင့် ဖာဘရီဂက်စ် အနေဖြင့် ဝေဖန်မှုအချို့ ကြုံနေရသော်လည်း မော်ရင်ဟိုကမူ မိမိသည် ကစားသမားအတွက် အပြည့်အဝ အားရကျေနပ်ကြောင်း ဆိုသည်။ “တချို့လူတွေက ဖာဘရီဂက်စ်ဟာ ထိပ်တန်းအဆင့်ကနေ လျော့ကျသွားပြီလို့ ထင်နေကြတယ်။ အသင်းကို ရောက်စကနဲ့ ယှဉ်ရင် ဂိုးဖန်တီးမှု အရေအတွက်က မတူတော့ဘူးလေ။ ကျွန်တော်ကတော့ ဖာဘရီဂက်စ်ဟာ ကျွန်တော်တို့ အသင်းအတွက် အံ့ဩစရာ ကောင်းလောက်အောင် ကစားပြနေတုန်းပဲလို့ ခံစားမိပါတယ်”ဟု မော်ရင်ဟိုက မှတ်ချက်ပြုခဲ့သည်။
ချယ်လ်ဆီး ကွင်းလယ်တွင် ဆာဘီးယားသား နီမန်ယာ မာတစ်သည်လည်း ရာသီအစကလောက် စွမ်းဆောင်ရည် မကောင်းဘဲ ဖြစ်နေသည်။ ယင်းသည် မာတစ် ကြုံခဲ့ရသည့် ဒဏ်ရာရ၊ ပွဲပယ် ပြဿနာများကြောင့်ဟု မော်ရင်ဟိုက သုံးသပ်ခဲ့သည်။ “မာတစ်က ပွဲပယ်ခံလိုက်ရတယ်လေ။ ပွဲပယ်ပြစ်ဒဏ်လည်းစေ့ရော၊ Capital One ဖလားဗိုလ်လုပွဲမှာ အောင်ပွဲခံရင်း ဒဏ်ရာ ထပ်ရသွားတယ်။ ဒီတော့ သူပြန်ကစားနိုင်ချိန်မှာ အကောင်းဆုံး အနေအထားတော့ မဟုတ်ဘူးပေါ့”ဟု မော်ရင်ဟိုက ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment