Pages

Friday, May 8, 2015

ဂျူဗင်းတပ်စ်သို့ ပြောင်းရွှေ့ကစားရန် ကာဗာနီ ဆန္ဒရှိဟု အေးဂျင့်ပြောကြား



ဂျူဗင်းတပ်စ်သို့ ပြောင်းရွှေ့ကစားရန် ကာဗာနီ ဆန္ဒရှိဟု အေးဂျင့်ပြောကြား

အီဒင်ဆန် ကာဗာနီ ပြောင်းရွှေ့ကစားရန် အဓိက ဆန္ဒရှိနေသည့် အသင်းသည် ဂျူဗင်းတပ်စ်ဖြစ်ကြောင်း ၎င်း၏ အေးဂျင့်ဖြစ်သူ လူးဝစ်ကာဗာနီက ပြောကြားခဲ့သည်။

ကာဗာနီ၏ အစ်ကိုလည်းဖြစ်၊ အေးဂျင့်အဖြစ်လည်း ဆောင်ရွက်နေသည့် လူးဝစ်က မိမိ၏ ညီကို မန်ချက်စတာ ယူနိုက်တက်က အလေးအနက် စိတ်ဝင်စားနေသည့်တိုင် ကာဗာနီ စိတ်ပါလက်ပါ အပြောင်းရွှေ့ချင်ဆုံး အသင်းမှာ အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်သာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ကာဗာနီသည် PSG အသင်း၏ ပြီးခဲ့သည့် ပွဲစဉ်(၄)ခုတွင် စုစုပေါင်း (၄)ဂိုးထိ သွင်းယူနိုင်ပြီး ၎င်း၏ စွမ်းဆောင်ရည်ကောင်းများကို ပြန်လည် ရရှိလာခဲ့သည်။ ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူးသည် နွေရာသီတွင် ပြင်သစ်ချန်ပီယံ ကလပ်ကို စွန့်ခွာမည်ဟုလည်း သတင်းကြီးနေသည်။

ယူနိုက်တက်နှင့် သတင်းများအပေါ် မှတ်ချက်ပေးရန် တောင်းဆိုရာ၌ လူးဝစ်က “မန်ချက်စတာ ယူနိုက်တက်လား။ မဟုတ်ပါဘူး။ သူတို့ဆီက ဘာဆက်သွယ်မှုမှ မရှိပါဘူး။ ကျွန်တော့်ညီက စီးရီးအေကို ပြန်သွားဖို့ စိတ်ဝင်စားနေသလား ဆိုရင်တော့ PSGက သူ့ကို ရောင်းမလား ဆိုတာကို အရင် စဉ်းစားရမယ်။ စီးရီးအေမှာတော့ ဂျူဗင်းတပ်စ်ဟာ အသင်းကြီးတစ်ခု၊ အကောင်းဆုံးအသင်းတစ်ခု ဖြစ်ပါတယ်။ အခုထိတော့ ဂျူဗင်းတပ်စ်နဲ့ ဘာစကားမှ မပြောရသေးပါဘူး။ ရာသီကုန်ထိ စောင့်နေဆဲပါ။ တကယ်လို့ PSGဘက်ကလည်း မီးစိမ်းပြရင်တော့ ဂျူဗင်းတပ်စ် ဒါရိုက်တာတွေနဲ့ ဆွေးနွေးဖြစ်မယ် ထင်ပါတယ”ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment