Pages

Friday, May 8, 2015

ဘာလော့တယ်လီကို ခေါ်ယူပြီး အီတူးနှင့် တွဲဖက်ပေးရန် ဆမ့်ဒိုးရီးယား စိတ်ဝင်စားနေ



ဘာလော့တယ်လီကို ခေါ်ယူပြီး အီတူးနှင့် တွဲဖက်ပေးရန် ဆမ့်ဒိုးရီးယား စိတ်ဝင်စားနေ

ဆမ့်ဒိုးရီးယား အသင်းသည် ၎င်းတို့၏ တိုက်စစ်တွင် ဆမ်မြူရယ်လ် အီတူးနှင့် တွဲဖက်ပေးရန်အတွက် လီဗာပူးလ် တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီကို စိတ်ဝင်စားနေကြောင်း သိရှိရသည်။

ဆမ့်ဒိုးရီးယား ဥက္ကဋ္ဌ မက်ဆီမို ဖာရာရိုသည် အီတလီ လက်ရွေးစင် ဘာလော့တယ်လီကို ခေါ်ယူရန် စဉ်းစားနေပြီး အီတလီကလပ်ဘက်က ကမ်းလှမ်းခဲ့လျှင် လီဗာပူးလ်ကလည်း လက်ခံစဉ်းစားသွားဖွယ် ရှိနေသည်။ ဘာလော့တယ်လီသည် အေစီမီလန်မှ လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် တစ်ရာသီလုံး ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရသည့်နောက် ရာသီကုန်တွင် အန်းဖီးလ်ကို စွန့်ခွာဖွယ် ရှိနေသည်။ ဆမ့်ဒိုရီးယားသည် စတီဖာနို အိုကာကာနှင့် အီဒါတို့ကို ရောင်းထုတ်ပြီး ဘာလော့တယ်လီကို ဝယ်ယူရန် ဆန္ဒရှိနေသည်။

ဖာရာရိုက “ဘာလော့တယ်လီက နာမည်ကြီး တစ်ယောက်ပါ။ သူဟာ အသင်းတော်တော်များများမှာ အံဝင်အောင် ကစားနိုင်ပါလိမ့်မယ်။ ကျွန်တော်ကတော့ သူ့ကို ဆမ့်ဒိုရီးယားဆီ ခေါ်ယူနိုင်ဖို့အတွက် ရင်ခုန်နေမိပါတယ်။ အီတူးနဲ့ ဘာလော့တယ်လီ အတွဲဟာ တကယ့်ကို အပျံစား ဖြစ်လာမှာပါ”ဟု ပြောကြားသွားသည်။ လီဗာပူးလ် အနေဖြင့်လည်း ဘာလော့တယ်လီကို ရောင်းထုတ်သွားရန် ဆန္ဒရှိနေပြီး တိုက်စစ်ပိုင်းကို အက်စ်တန်ဗီလာ ရှေ့တန်းလူ ခရစ္စတီယန် ဘန်တက်ကီနှင့် ပြန်လည် အစားထိုးရန် လိုလားလျက်ရှိသည်။

Soccer Myanmar

No comments:

Post a Comment