Pages
▼
Friday, May 8, 2015
အဲဗာတန် ခံစစ်အတွဲ စတုန်းစ်နှင့် ကိုးလ်မန်းကို စိတ်ဝင်စားနေသည့် ချယ်လ်ဆီး
အဲဗာတန် ခံစစ်အတွဲ စတုန်းစ်နှင့် ကိုးလ်မန်းကို စိတ်ဝင်စားနေသည့် ချယ်လ်ဆီး
ချယ်လ်ဆီးအသင်းသည် အဲဗာတန် ခံစစ်အတွဲဖြစ်သည့် ဂျွန်စတုန်းစ်နှင့် ဆီမက်စ်ကိုးလ်မန်းတို့ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
အသက်(၂၀) အရွယ်ရှိ စတုန်းစ်သည် ယခုရာသီတွင် သိသိသာသာ ခြေစွမ်းတက်လာပြီး အဲဗာတန်၏ ဗဟိုခံစစ်တွင် ဖီးလ်ဂျာဂီလ်ကာနှင့် အကောင်းဆုံးတွဲဖက် ကစားပြလျက် ရှိသည်။ ဝေလ လက်ရွေးစင် ကိုးလ်မန်းမှာမူ ပရီးမီးယားလိဂ်၏ လက်ရှိ အကောင်းဆုံး စာရင်းဝင် ညာနောက်ခံလူ တစ်ဦးအနေဖြင့် ရပ်တည်နေသည်။ စတုန်းစ်သည် ဗဟိုခံစစ်အပြင် လိုအပ်ပါက ညာနောက်ခံလူ နေရာတွင်ပါ ကစားနိုင်သူဖြစ်ပြီး ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ဂျွန်တယ်ရီ၏နေရာ ရေရှည်အစားထိုးရန် ၎င်းကို မျက်စိကျနေခြင်း ဖြစ်သည်။
အဲဗာတန် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်ကမူ နွေရာသီ ဈေးကွက်တွင် ၎င်း၏ အားထားရသော ကစားသမား နှစ်ဦးကို ဆက်လက် ထိန်းသိမ်းထားရန် အစွမ်းကုန် ကြိုးစားသွားဖွယ် ရှိနေသည်။ သို့သော်လည်း မော်ရင်ဟိုသည် အသင်းလူစာရင်းကို ပိုမိုတောင့်တင်းစွာ တည်ဆောက်ရန် ဆန္ဒရှိနေပြီး အမှန်တကယ် ချဉ်းကပ် ကမ်းလှမ်းလာပါက အဲဗာတန် အနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းကို ငြင်းဆိုဖီဆန်ရန် ခက်ခဲဖွယ် ရှိနေသည်။ မော်ရင်ဟိုသည် ခံစစ်အားသန်သည့် တောင်ပံခံစစ်မှူး ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်အပြင် တိုက်စစ်ပိုင်းကို ပိုမိုထဲထဲဝင်ဝင် လိုက်ပါလေ့ရှိသည့် ကိုးလ်မန်းကိုပါ ခေါ်ယူပြီး နည်းဗျူဟာပိုင်း ပိုမိုလွတ်လပ်စွာ ပြောင်းလဲနိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။
Soccer Myanmar
No comments:
Post a Comment