Pages
▼
Monday, March 9, 2015
အကြိမ်(၁၀၀)ကစားလျှင် (၉၉)ကြိမ် သုံးမရသူဟု ဘာလော့တယ်လီကို လီဗာပူးလ် ဂန္ထဝင်ဟောင်း ဝေဖန်
အကြိမ်(၁၀၀)ကစားလျှင် (၉၉)ကြိမ် သုံးမရသူဟု ဘာလော့တယ်လီကို လီဗာပူးလ် ဂန္ထဝင်ဟောင်း ဝေဖန်
မာရီယို ဘာလော့တယ်လီသည် လီဗာပူးလ်အတွက် အကြိမ်(၁၀၀) ကစားပေးလျှင် (၉၉)ကြိမ် စိတ်ပျက်စရာ ကြုံစေမည့်သူမျိုးဟု အသင်း၏ ဂန္ထဝင် ကစားသမားဟောင်း မာ့ခ် လော်ရန်ဆန်က ဝေဖန် ပြောကြားခဲ့သည်။
FAဖလား ပွဲစဉ်အဖြစ် ဘလက်ဘန်း ရိုဗာကို အန်းဖီးလ်တွင် ဂိုးမရှိ သရေကျခဲ့ရာ၌ အီတလီ တိုက်စစ်မှူးသည် ပြောင်ပြောင်မြောက်မြောက် စွမ်းဆောင်မှု တစ်စုံတစ်ရာ မပြသနိုင်ဘဲ ရုန်းကန်ခဲ့ရသည်။ လီဗာပူးလ်သည် အေစီမီလန် တိုက်စစ်မှူး ဘာလော့တယ်လီကို ပေါင်စတာလင် (၁၆)သန်းဖြင့် နွေရာသီ ဈေးကွက်အတွင်းက ဝယ်ယူထားခဲ့သော်လည်း ၎င်းသည် ပရိသတ် မျှော်လင့်သည့် ခြေစွမ်းမျိုး မရရှိခဲ့ချေ။ ယခုပွဲတွင် ဘာလော့တယ်လီသည် ပွဲချိန်(၅၉)မိနစ်၌ လူစားလဲ ဝင်ရောက်လာသော်လည်း ဘလက်ဘန်း ခံစစ်၏ ထိန်းချုပ်မှုအောက်တွင် ပိတ်မိနေခဲ့သည်။
BBCနှင့် အင်တာဗျူးတွင် လီဗာပူးလ် ဂန္ထဝင် ခံစစ်မှူးဟောင်း လော်ရန်ဆန်က “ဘာလော့တယ်လီကို မေ့သာထားလိုက်တော့။ သူဟာ အချိန်ဖြုန်းမှု သက်သက်ပဲဆိုတာ သေချာတယ်။ တကယ်ဆို သူဟာ လီဗာပူးလ်လို အသင်းမျိုးနဲ့ ဘယ်တုန်းကမှ နီးနီးစပ်စပ် မရှိခဲ့သင့်ဘူး။ အခုပွဲမှာဆိုရင် မန်နေဂျာ ဘရန်ဒန်ရော့ဂျာက သူ့ကို အခွင့်အရေးပေး အသုံးပြုခဲ့တယ်။ တကယ်ဆို ဘာလော့တယ်လီ အနေနဲ့ ဖန်တီးမှုတချို့ လုပ်ပြဖို့ လိုတယ်။ ဒါပေမဲ့ သူဟာ အကြိမ်(၁၀၀)ကစားရင် (၉၉)ကြိမ်က သုံးမရပါဘူး”ဟု ပြောကြားခဲ့သည်။
ပွဲအပြီး စစ်တမ်းများအရ ဘာလော့တယ်လီသည် ယခုပွဲတွင် ပြိုင်ဘက်ဂိုးပေါက်ကို တစ်ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့သည်ကို တွေ့ရသည်။ ဘာလော့တယ်လီသည် မကြာသေးမီက Twitterပေါ်တွင် Statusတစ်ခု ရေးတင်ပြီး မိမိ၏ အသင်းဖော် အချို့က မလိုလားမှု ရှိနေကြောင်း ရေးသားခဲ့ရာ သို့လောသို့လော မေးခွန်းထုတ်စရာများ ဖြစ်ပေါ်ခဲ့သေးသည်။ လီဗာပူးလ်သည် ဘလက်ဘန်းနှင့် ဂိုးမရှိ သရေကျသွားသည့်နောက် ဧပြီ (၇)ရက်၊ သို့မဟုတ် (၈)ရက်တွင် အဝေးကွင်း၌ ဒုတိယအကျော့ ပြန်ကစားရမည် ဖြစ်သည်။
Soccer Myanmar

No comments:
Post a Comment