Pages

Subscribe:

Thursday, March 12, 2015

ရစ်ဘာရီနှင့် ရော်ဘန်တို့၏ ဒဏ်ရာအခြေအနေ ပြင်းထန်မှုမရှိဟု ဂွာဒီယိုလာဆို



ရစ်ဘာရီနှင့် ရော်ဘန်တို့၏ ဒဏ်ရာအခြေအနေ ပြင်းထန်မှုမရှိဟု ဂွာဒီယိုလာဆို

ရှက်တာဒိုးနက်စ်ကို အနိုင်ရသည့် ပွဲစဉ်တွင် အာယန်ရော်ဘန်နှင့် ဖရန့်ခ်ရစ်ဘာရီတို့ ဒဏ်ရာရခဲ့သော်လည်း အခြေအနေ ပြင်းထန်မှု မရှိကြောင်း ဘိုင်ယန်မြူးနစ် နည်းပြ ဂျိုးဆက် ပက်ပ် ဂွာဒီယိုလာက ပြောကြားခဲ့သည်။

ဘိုင်ယန်သည် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့တွင် ဂိုးမရှိ သရေကျထားသော်လည်း အိမ်ကွင်းတွင်မူ ရှက်တာကို (၇-၀)ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူကာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။ အဆိုပါ ပွဲစဉ် ပထမပိုင်းတွင် နယ်သာလန် လက်ရွေးစင် ရော်ဘန်သည် တံကောက်ကြောဒဏ်ရာ တစ်ရပ်ကြောင့် လူစားလဲ ခံခဲ့ရသည်။ ပြင်သစ် လက်ရွေးစင် ရစ်ဘာရီသည်လည်း ပွဲချိန်မိနစ်(၆၀) ဝန်းကျင်၌ ခြေကျင်းဝတ် ထိခိုက်မိပြီး ကွင်းထဲမှ ထွက်ခွာသွားသည်။ စပိန်သားနည်းပြ ဂွာဒီယိုလာက မိမိ၏ အဓိက တောင်ပံတိုက်စစ်သမား နှစ်ဦးစလုံး ဒဏ်ရာပြင်းထန်မှု မရှိဟု ဆိုသည်။

ရော်ဘန်သည် ယခုရာသီ ဘိုင်ယန်၏ ထိပ်တန်းဂိုးသွင်းသူအဖြစ် ရပ်တည်လျက် ရှိသည်။ ၎င်းသည် ပွဲချိန်(၁၉)မိနစ် ကတည်းက လူစားလဲ ထွက်ခွာခဲ့ရပြီး ချိုင်းထောက်တစ်ခုနှင့် ရှိနေခဲ့သည်ကို တွေ့ရသည်။ ဂွာဒီယိုလာက “ကစားသမား နှစ်ယောက်ရဲ့ ဒဏ်ရာအခြေအနေကို နောက်နေ့ကျမှ သေချာ စစ်ဆေးရပါမယ်။ ဒါပေမဲ့ အသင်းဆရာဝန်ကတော့ သူတို့နှစ်ယောက်စလုံး ဒဏ်ရာပြင်းထန်တဲ့ အနေအထား မရှိဘူးလို့ ပြောထားပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။ တစ်ဂိုးသွင်းခဲ့သည့် ရစ်ဘာရီကလည်း “ကျွန်တော့်ဒဏ်ရာက သိပ်ဆိုးမယ့်ပုံ မရှိပါဘူး။ ခြေကျင်းဝတ်မှာ တစ်ခုခုတော့ မူမမှန်ဘဲ ခံစားနေရတယ်။ ကျွန်တော်ကတော့ လာမယ့်သီတင်းပတ်ကုန်မှာ ပြန်ကစားဖို့ အသင့်ရှိနေမယ် ထင်ပါတယ်”ဟု ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment