Sunday, February 8, 2015
စတီဗင်ဂျရတ်၏ နောက်ဆုံး မာဆေးဆိုက် ဒါဘီပွဲ ဂိုးမရှိ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့
စတီဗင်ဂျရတ်၏ နောက်ဆုံး မာဆေးဆိုက် ဒါဘီပွဲ ဂိုးမရှိ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့
ပရီးမီးယားလိဂ် ပွဲစဉ် (၂၄) စနေနေ့ည နောက်ဆုံးပွဲဖြစ်သည့် အဲဗာန်နှင့် လီဗာပူးလ် ပွဲစဉ်တွင် ဂိုးမရှိ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။အဲဗာတန်တွင် ရော့ဘ်လက်စ်၊ ကိုးလ်မန်း၊ စတုန်းစ်၊ ဂျဂီရယ်ကာ၊ အိုဗီဒို၊ ဘီဆစ်ခ်၊ မက္ကာသီ၊ ဘယ်ရီ၊ မီရာလက်စ်၊ နေးလ်စမစ်၊ လူကာကူတို့ ပွဲထွက်ပါဝင်ခဲ့သည်။ လီဗာပူးလ်တွင် မစ်ဂ်နိုလတ်၊ ကန်၊ စကာတယ်၊ ဆာခို၊ ဂျရတ်၊ လူးကပ်စ်၊ ဟန်ဒါဆန်၊ မိုရီနို၊ အိုင်ဘီ၊ စတာလင်၊ ကော်တင်ဟိုတို့ ပါဝင်ကစားခဲ့သည်။
ပွဲချိန် ၈ မိနစ်တွင် လီဗာပူးလ်က ဂိုးသွင်းခွင့် ရရှိခဲ့ပြီး စတာလင်က အဲဗာတန် ဂိုးသမား ရော့ဘ်လက်စ်ကို ကျော်ဖြတ်ကာ ဂိုးကန်သွင်းခဲ့သော်လည်း ၎င်း၏ကန်ချက် ဂိုးဘေးထွက်ခဲ့သည်။ ၁၀ မိနစ်တွင် ဂါရတ်ဘယ်ရီ၏ ကိုက် ၂၀ အကွာမှ အလွတ်တည်ကန်ဘောမှ ဂိုးကန်သွင်းချက်ကို ရော့ဘ်လက်စ်ကပင် ပုတ်ထုတ်ကာကွယ်ခဲ့ရသည်။ ၂၂ မိနစ်တွင် ကိုးလ်မန်း ဖန်တီးပေးလိုက်သည့် ဘောလုံးကို နေးလ်စမစ်က ဂိုးသွင်းရန် ကြိုးစားခဲ့သော်လည်း ဘောလုံးက ၎င်းနှင့်ထိထွက်ခဲ့သည်။ ၂၇ မိနစ်တွင် လီဗာပူးလ် လူငယ်ကစားသမား အိုင်ဘီ၏ ဂိုးကန်သွင်းချက် တိုင်ထိထွက်ခဲ့သည်။ ၅၃ မိနစ်တွင် စတာလင်က ဂိုးရှေ့တက်လာသည့် ရော့ဘ်လက်စ်ကို ကျော်ကာ ဂိုးကန်သွင်းခဲ့သော်လည်း ၎င်း၏ကန်ချက်ကို ဂိုးသမားက ကာကွယ်သွားခဲ့သည်။ ၇၀ မိနစ်တွင် ၇ ကိုက်အကွာမှ စတားရစ်ခ်ျ၏ ကန်သွင်းချက်ကို အဲဗာတန် နောက်ခံလူများ တားဆီးနိုင်ခဲ့သည်။ ၇၈ မိနစ်တွင် အချင်းများခဲ့သည့် နေးလ်စမစ်နှင့် ဟန်ဒါဆန်တို့ကို ဒိုင်လူကြီး အန်တိုနီတေလာက အဝါကတ်များ ပြသခဲ့သည်။ ၈၄ မိနစ်တွင် ဂျရတ်၏ ဖန်တီးပေးမှုမှတစ်ဆင့် လမ်းဘတ်က ဂိုးသွင်းရန် အခွင့်အရေး ရခဲ့သော်လည်း ရော့ဘ်လက်စ်ကပင် ကာကွယ်သွားခဲ့သည်။ ၈၇ မိနစ်တွင် ဘာကလေ ဖန်တီးပေးသည့် ဘောလုံးကို ကိုးလ်မန်းက အပြင်းကန်သွင်းခဲ့သော်လည်း မစ်ဂ်နိုလတ်က ကာကွယ်သွားခဲ့သည်။ ပွဲအပြီးတွင် တစ်ဖက်နှင့် တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့သောကြောင့် ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment