Monday, February 9, 2015
ဝက်စ်ဟမ်းနှင့် ပွဲတွင် ယူနိုက်တက်၏ ခြေစွမ်း အလွန်ဆိုးရွားခဲ့ကြောင်း ဗန်ဂါးလ် ဝန်ခံ
ဝက်စ်ဟမ်းနှင့် ပွဲတွင် ယူနိုက်တက်၏ ခြေစွမ်း အလွန်ဆိုးရွားခဲ့ကြောင်း ဗန်ဂါးလ် ဝန်ခံ
တနင်္ဂနွေနေ့က ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲတွင် မန်ချက်စတာယူနိုက်တက်၏ ခြေစွမ်း အလွန်ဆိုးရွားခဲ့ကြောင်း လူးဝစ်ဗန်ဂါးလ်က ဝန်ခံပြောကြားလိုက်သည်။
အဆိုပါပွဲတွင် ယူနိုက်တက်သည် ပထမပိုင်း၌ အခွင့်အရေးများ ဖန်တီးနိုင်ရန် ရုန်းကန်ခဲ့ရသလို ချီကူ ကူရာတီ၏ ဦးဆောင်ဂိုး သွင်းယူခြင်းကိုလည်း ခွင့်ပြုခဲ့ရသည်။ ၎င်းပွဲစဉ်တွင် ဝက်စ်ဟမ်းသည် အနိုင်ရရှိလုနီးပါး ဖြစ်ခဲ့သော်လည်း နာကျင်အချိန်ပိုတွင် ဒါလေဘလင်း၏ ချေပဂိုးကြောင့် ယူနိုက်တက်က သရေတစ်မှတ် ရရှိခဲ့ပြီး တတိယနေရာမှ ဆောက်သမ်တန်၏နောက် တစ်မှတ်အကွာဖြင့် ရပ်တည်ခဲ့ရသည်။
“ကျွန်တော်တို့ ပထမပိုင်းမှာ ကစားပုံ အရမ်းကို ဆိုးရွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကစားပုံ ကောင်းလာခဲ့ပါမယ်။ အထူးသဖြင့် ဂိုးပေးလိုက်ရတဲ့နောက် ကစားပုံ ကောင်းလာခဲ့ပါတယ်။ အသင်းအနေနဲ့ ပွဲစကတည်းက ဒီလိုခြေစွမ်းမျိုးနဲ့ ကစားခဲ့သင့်တာပါ။ ဒါပေမဲ့ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေချိန်မှာ အသင်းက အကောင်းဆုံး စိတ်ဓာတ်ကို ပြသခဲ့ပါတယ်။ အဲ့ဒီအတွက် ကစားသမားတွေကို ကျေးဇူးတင်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
ယူနိုက်တက်သည် ပွဲချိန် ၇၁ မိနစ်တွင် အက်ဒ်နန်ဂျနူဇက် နေရာ၌ မော်ရိုဖယ်လိုင်နီ ဝင်ရောက် ကစားခဲ့ပြီးနောက် ဝက်စ်ဟမ်းဂိုးဘက်သို့ ပိုမိုခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။
“ဖယ်လိုင်နီနဲ့ ဆိုရင် ကျွန်တော်တို့ ကစားဟန်ကို ပြောင်းလဲနိုင်ပါတယ်။ သူဝင်ကစားတဲ့ အချိန်မှာ ကျွန်တော်တို့က နေရာလွတ်တွေ အများကြီး ဖန်တီးနိုင်ခဲ့သလို လွတ်လွတ်ကျွတ်ကျွတ် ဂိုးကန်သွင်းခွင့် သုံးကြိမ် ရခဲ့ပါတယ်။ ပထမပိုင်း ခြေစွမ်းဆိုးရွားခဲ့ပေမယ့် ပုံမှန်အရဆို ကျွန်တော်တို့ ဒီပွဲကို အနိုင်ရသင့်ခဲ့တာပါ။ ဒါပေမဲ့ ဒီပွဲ သရေရလဒ်အပေါ် ကျေနပ်မိပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားသွားခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment