Pages

Subscribe:

Wednesday, July 1, 2015

မြန်မာဘောလုံး အကယ်ဒမီ(ရန်ကုန်) ရှစ်လအတွင်း အပြီး တည်ဆောက်မည်ဟု သိရ



မြန်မာဘောလုံး အကယ်ဒမီ(ရန်ကုန်) ရှစ်လအတွင်း အပြီး တည်ဆောက်မည်ဟု သိရ

အမေရိကန်ဒေါ် လာ၂ ဒသမ ၅ သန်းကုန် ကျမည့် မြန်မာဘောလုံး အကယ်ဒမီ (ရန် ကုန်)ကို ရှစ်လအတွင်း အပြီးတည် ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါစီမံကိန်း အတွက် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်မှ အမေရိကန် ဒေါ်လာ ၅ သိန်း ထောက်ပံ့ပေးမည် ဖြစ်ပြီး ကျန်ဒေါ်လာနှစ်သန်းကို ဧရာ ဝတီဖောင်ဒေးရှင်းမှပံ့ပိုး လှူဒါန်းသွား မည်ဖြစ်ပြီး အဆိုပါအဆောက်အ အုံကို ဧရာဝတီဖောင်ဒေးရှင်းမှ လှူ ဒါန်းထားသည့် မြက်ခင်းတုကွင်း အမှတ် (၃) နှင့် (၄)အနီးတွင် တည် ဆောက်သွားမည်ဖြစ်ပြီး သက်တမ်း အလိုက် အမျိုးသား၊ အမျိုးသမီးအ သင်းများ လေ့ကျင့်မှုအဆင်ပြေစေ နိုင်ရန်အတွက် မြက်ခင်းတု လေ့ကျင့် ရေးကွင်း အမှတ်(၃)နှင့် (၄)ကို ၂ဝ၁၄ ခုနှစ်တွင်တည်ဆောက်ပေးခဲ့ခြင်းဖြစ် သော်လည်း မြန်မာဘောလုံးအကယ် ဒမီ(ရန်ကုန်) ၈ လအတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံဘော လုံး အဖွဲ့ချုပ်အနေဖြင့် မြန်မာဘော လုံးအကယ်ဒမီ (မန္တလေး)၊ မြန်မာ ဘောလုံးအကယ်ဒမီ (ပုသိမ်)တို့ကို တည်ဆောက်ဖွင့်လှစ်ထားပြီး မြန်မာ ဘောလုံးအကယ်ဒမီ(ရန်ကုန်)သည် တတိယမြောက် ဘောလုံးအကယ် ဒမီအဖြစ် ထပ်မံဖွင့်လှစ်နိုင်ရန်စီစဉ် ခြင်းဖြစ်ကာ သက်တမ်းအလိုက် လက် ရွေးစင်ကစားသမားများကို မွေး ထုတ်ပေးလျက်ရှိကာ ၂ဝ၁၄ ခုနှစ် တွင် ဘိုင်ယန်မြူးနစ်လူငယ်ဘော လုံးပွဲတော်သို့ အကယ်ဒမီများမှ လူ ငယ် ကစားသမားများ သွားရောက် ကစားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment