Pages

Subscribe:

Friday, July 10, 2015

အနာဂတ်နှင့် ပတ်သက်ပြီး ရင့်ရင့်ကျက်ကျက် ကိုင်တွယ် ဆုံးဖြတ်သင့်ဟု စတာလင်ကို ဂျရတ်ဝေဖန်



အနာဂတ်နှင့် ပတ်သက်ပြီး ရင့်ရင့်ကျက်ကျက် ကိုင်တွယ် ဆုံးဖြတ်သင့်ဟု စတာလင်ကို ဂျရတ်ဝေဖန်-

အနာဂတ်နှင့် ပတ်သက်၍ ရင့်ရင့်ကျက်ကျက် ကိုင်တွယ် ဆုံးဖြတ်သင့်ကြောင်း ရာဟင်မ်စတာလင်ကို စတီဗင်ဂျရတ်က ဝေဖန် ပြောကြားလိုက်သည်။

အသက်(၁၉)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် သမားလေးသည် လီဗာပူးလ်မှ ထွက်ခွာရန် ကြိုးပမ်းနေပြီး အသင်း၏ ရာသီကြို လေ့ကျင့်ရေး ခရီးစဉ်ကို မလိုက်ပါလိုကြောင်း အရေးဆိုထားသည်။ မန်ချက်စတာ စီးတီးသည် စတာလင်ကို ခေါ်ယူနိုင်ရန် အလေးအနက် ကြိုးစားနေပြီး လက်ရှိ စတာလင်၏ လုပ်ဆောင်မှုများအပေါ် လီဗာပူးလ် ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း ဂျရတ်က စိတ်ပျက်နေခြင်း ဖြစ်သည်။ စတာလင်နှင့် တွဲဖက် ကစားခဲ့ပြီး ယခုနွေရာသီတွင် အမေရိကန်ကလပ် လော့စ်အန်ဂျလိစ် ဂလက်စီနှင့် စာချုပ်လိုက်သည့် ဂျရတ်က “လက်ရှိ ဖြစ်နေတာတွေကို ပြန်ကြားရတာ ကျွန်တော် ဘယ်လိုမှ မပျော်နိုင်ဘူး။ ဒါတွေ ဖြစ်နေစရာ မလိုဘူးလို့ ထင်တယ်လေ”ဟု ဆိုသည်။

ဂျရတ်က “လူတစ်ယောက် အနေနဲ့ ဒီအခြေအနေတွေမှာ တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ဖို့ လိုတယ်။ စတာလင်ဟာ သူဘာဖြစ်ချင်တယ် ဆိုတာကို အသင်းပိုင်ရှင်တွေရယ်၊ မန်နေဂျာ ဘရန်ဒန် ရော့ဂျာရယ်ကို ကိုယ်တိုင် သွားပြောဖို့ လိုတယ်။ ဒီဖြစ်ရပ်မှာ လူတိုင်းက ရင့်ရင့်ကျက်ကျက် ကိုင်တွယ်သင့်တယ်။ ဖျားနာနေပါတယ်လို့ အကြောင်းပြပြီး အသင်းရဲ့ ရာသီကြို ခရီးစဉ်ကို ရှောင်လွှဲတာမျိုးက မလုပ်သင့်ဘူး။ ကမ္ဘာပေါ်မှာ လီဗာပူးလ် ပရိသတ်တွေ သန်းပေါင်းများစွာ ရှိနေကြတယ်။ လီဗာပူးလ် ဂျာစီကို ဝတ်ထားပြီး စတာလင် ဒါမျိုးလုပ်နေတာတွေကို သူတို့ သဘောတွေ့ကြမှာ ဟုတ်ဘူး။ သူက ဒါတွေ လုပ်နေတာဟာ ပရိသတ်အပေါ် မတရားရာ ကျတယ်လို့ ကျွန်တော် ထင်တယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar
Pumta Hat Zaw

0 comments:

Post a Comment