Pages

Subscribe:

Friday, July 3, 2015

ဘာစီလိုနာနှင့် သတင်းများကို တူရန် ငြင်းဆို



ဘာစီလိုနာနှင့် သတင်းများကို တူရန် ငြင်းဆို

ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် အလွန်နီးစပ်နေပြီဆိုသော သတင်းများကို အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ အာဒါတူရန်က ငြင်းဆန်သွားခဲ့သည်။

တူရကီ လက်ရွေးစင် တူရန်ကို ဘာစီလိုနာအပြင် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ကလည်း ချိတ်ဆက်နေသည့်တိုင် အသက်(၂၈)နှစ်ရှိ စွယ်စုံရ ကွင်းလယ်တိုက်စစ်သမားသည် စပိန်တွင်သာ ဆက်ကစားရန် ဆန္ဒရှိနေကြောင်း Marcaက ဖော်ပြခဲ့သည်။ တူရန်သည် ယခုနွေရာသီတွင် အက်သလက်တီကိုမှ ထွက်ခွာရန် ပြင်ဆင်နေကြောင်း ဝန်ခံထားပြီး ဘာစီလိုနာနည်းပြ လူးဝစ်အန်ရီကေးကလည်း ၎င်းကို မျက်စိကျလျက် ရှိသည်။

သို့သော်လည်း ဘာစီလိုနာသို့ ကူးပြောင်းရန် သဘောတူညီမှု ရရှိထားပြီ ဆိုခြင်းကိုမူ တူရန်က ယတိပြတ် ငြင်းဆိုခဲ့သည်။ “သတင်းတချို့မှာ ဖော်ပြနေတာတွေက မမှန်ကန်ပါဘူး။ လောလောဆယ် ကျွန်တော်က အားလပ်ရက်မှာ အေးအေးလူလူပဲ အနားယူနေပါတယ်”ဟု တူရန်က Twitterမှတစ်ဆင့် ပရိသတ်များကို အသိပေးခဲ့သည်။ ဘာစီလိုနာသည် တူရန်ကို အမှန်တကယ် ဝယ်ယူလိုပါက ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၂၅)သန်းမျှထိ အသုံးပြုရဖွယ် ရှိသည်။ သို့သော်လည်း တူရန်အနေဖြင့် ဘာစီလိုနာနှင့် စာချုပ်ဖြစ်ပါက (၂၀၁၆)ခုနှစ် မတိုင်မီထိ ကစားနိုင်ဦးမည် မဟုတ်ချေ။ ဘာစီလိုနာသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၏ အပြောင်းအရွှေ့ ရာသီနှစ်ခုဆက် ပိတ်ပင်ခံထားရပြီး ယခုနွေရာသီတွင် ကစားသမားသစ်များကို ခေါ်ယူနိုင်သည့်တိုင် ပြစ်ဒဏ်စေ့မည့် ကာလထိ အသုံးချနိုင်မည် မဟုတ်ချေ။

တူရန်သည် (၂၀၁၁)ခုနှစ်တွင် ဂါလာတာဆာရေးမှ အက်သလက်တီကိုသို့ ပြောင်းရွှေ့လာပြီး ၎င်း၏ လက်ရှိစာချုပ်သည် (၂၀၁၇)ထိ သက်တမ်း ကျန်နေဆဲ ဖြစ်သည်။ ကစားသမား၏ အေးဂျင့် အာမက်ဘူလွတ်က ဘာစီလိုနာနှင့် တစ်စုံတစ်ရာ သဘောတူညီမှု မရရှိသေးကြောင်း တွင်တွင် ငြင်းဆိုနေသော်လည်း စပိန်၏ အထင်ကရ သတင်းဌာနများက ကြာသပတေးနေ့တွင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှု အဆင်ပြေခဲ့ကြောင်း ဖော်ပြလျက်ရှိသည်။

Soccer Myanmar

0 comments:

Post a Comment