Pages

Subscribe:

Monday, March 16, 2015

စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ဆောက်သမ်တန်နှင့် သရေကျခဲ့သည့် ချယ်ဆီး



စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ဆောက်သမ်တန်နှင့် သရေကျခဲ့သည့် ချယ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ချယ်ဆီးနှင့် ဆောက်သမ်တန်ပွဲတွင် တစ်ဖက် တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ချယ်ဆီးတွင် ကော်တွိုက်စ်၊ အိုင်ဗန်နိုဗစ်၊ ကာဟေးလ်၊ တယ်ရီ၊ အက်ဇ်ပီလီကွိုင်တာ၊ မာတစ်၊ ဖာဘရီဂက်စ်၊ အော်စကာ၊ ဟာဇက်၊ ဝီလျံ၊ ကော်စတာတို့ ပွဲထွက်ပါဝင်ခဲ့သည်။

ဆောက်သမ်တန်တွင် ဖော်စတာ၊ ကလိုင်း၊ ဖွန်တီ၊ ဘာထရန်၊ အယ်လ်ဒါဝီရယ်၊ မာနေး၊ ရှနိုက်ဒါလင်၊ တာဒစ်၊ ဝါညာမာ၊ ဒေးဗီးစ်၊ လောင်းတို့ ပါဝင်ကစားခဲ့သည်။

ချယ်ဆီးသည် ဘန်လေကို မန်ချက်စတာစီးတီး ရှုံးနိမ့်ခဲ့မှုအပေါ် အခွင့်အရေးမယူနိုင်ခဲ့ဘဲ အိမ်ကွင်းတွင် ဆောက်သမ်တန်နှင့် တစ်ဂိုးစီ သရေကျခဲ့သည်။ ချယ်ဆီးအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၁ မိနစ်တွင် အိုင်ဗန်နိုဗစ်၏ ဖြတ်တင်ဘောမှတစ်ဆင့် ချယ်ဆီး တိုက်စစ်မှူး ကော်စတာက ခေါင်းတိုက်သွင်းယူခဲ့သည်။ သို့သော်လည်း ပင်နယ်တီ ဧရိယာအတွင်း ဆာဒိုင်ယို မာနေးကို မာတစ် ဆွဲလှဲခဲ့သောကြောင့် ရရှိသည့် ပင်နယ်တီမှတစ်ဆင့် တာဒစ်က ဆောက်သမ်တန်အတွက် ချေပဂိုး သွင်းယူခဲ့သည်။ ချေပဂိုး ရရှိသွားပြီးနောက် ဆောက်သမ်တန်၏ ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး ဧည့်သည်အသင်း၏ ထိုးဖောက်ဂိုးသွင်းမှု အချို့ကို ကော်တွိုက်စ်က အကောင်းဆုံး ကာကွယ်သွားခဲ့သည်။ ဒုတိယပိုင်းတွင် ချယ်ဆီး၏ ကစားပုံ ပိုကောင်းလာခဲ့သော်လည်း ပွဲပြီးခါနီးတွင် အော်စကာနှင့် ဝီလျံတို့၏ ဂိုးကန်သွင်းချက်များကို ဆောက်သမ်တန် ဂိုးသမား ဖော်စတာက လက်စွမ်းပြကာကွယ်သွားခဲ့သည်။ ပွဲအပြီးတွင် တစ်ဖက် တစ်ဂိုးစီ သရေရလဒ်သာ ပြီးဆုံးခဲ့ပြီး ချယ်ဆီးက မန်ချက်စတာစီးတီးကို တစ်ပွဲလျော့ ၆ မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်တွင် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment