Pages

Subscribe:

Tuesday, March 17, 2015

မြန်မာ ယူ-၂၀ ၊ မြန်မာ ယူ-၂၂ အသင်းများနှင့် မလေးရှား ယူ-၂၂ အသင်း ရန်ကုန်တွင် ခြေစမ်း ကစားမည်



မြန်မာ ယူ-၂၀ ၊ မြန်မာ ယူ-၂၂ အသင်းများနှင့် မလေးရှား ယူ-၂၂ အသင်း ရန်ကုန်တွင် ခြေစမ်း ကစားမည်
=============================================
AFC U-23 Championship ခြေစစ်ပွဲ အတွက် ပြင်ဆင် လေ့ကျင့်နေသည့် မလေးရှား ယူ-၂၂ လက်ရွေးစင်အသင်း သည် Joint Training လာရောက် လေ့ကျင့်ရန် မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့၊ နံနက်ပိုင်းတွင် ရောက်ရှိမည် ဖြစ်ကာ မြန်မာ ယူ-၂၀ လက်ရွေးစင်အသင်း ၊ မြန်မာ ယူ-၂၂ လက်ရွေးစင်အသင်း များနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
Joint Training ကာလအတွင်း မလေးရှား ယူ-၂၂ အသင်းသည် ၂၀၁၅ ကမ္ဘာ့ဖလား ယူ-၂၀ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ပြင်ဆင် လေ့ကျင့်နေသည့် မြန်မာ ယူ-၂၀ လက်ရွေးစင်အသင်း နှင့် မတ်လ (၁၉) ရက်နေ့၊ ညနေ (၄) နာရီတွင် သုဝဏ္ဏ အားကစားကွင်း (Y.T.C) ၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
အလားတူ မလေးရှား ယူ-၂၂ လက်ရွေးစင် အသင်းသည် AFC U-23 Championship ခြေစစ်ပွဲ အတွက် ပြင်ဆင် လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ လက်ရွေးစင်အသင်း နှင့် မတ်လ (၂၂) ရက်နေ့၊ ညနေ (၄) နာရီတွင် သုဝဏ္ဏ အားကစားကွင်း (Y.T.C) ၌ ပင် ခြေစမ်းပွဲ ကစားသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံ၌ Joint Training နှင့်အတူ ခြေစမ်းပွဲများ လာရောက် ကစားမည့် မလေးရှား ယူ-၂၂ အသင်း၌ အုပ်ချုပ်/နည်းပြ (၁၁) ဦးနှင့် ကစားသမား (၂၉) ဦး ပါဝင်မည်ဖြစ်ကာ အထက်ဖော်ပြပါ ခြေစမ်းပွဲစဉ် များအတွက် ပွဲကြို ညှိနှိုင်းစည်းဝေးပွဲ (Match Coordination Meeting) ကို မတ်လ (၁၇) ရက်နေ့၊ မွန်းလွဲ (၁) နာရီတွင် လည်းကောင်း၊ ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို ယင်းနေ့၊ မွန်းလွဲ (၂) နာရီတွင် လည်းကောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ရုံး ၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ကျင်းပ သွားမည် ဖြစ်သည်။
အဆိုပါ ခြေစမ်းပွဲ နှစ်ပွဲစလုံးမှာ နိုင်ငံတကာ အဆင့်ပြိုင်ပွဲကြီး များအတွက်
ပြင်ဆင် လေ့ကျင့်နေသော မြန်မာအသင်း များနှင့် မလေးရှား အသင်း၏ အထူး ခြေစမ်းပွဲများ ဖြစ်၍ အကြိတ်အနယ် ရှိပြီး ပရိသတ်အကြိုက် ပွဲကြီးပွဲကောင်းများ ဖြစ်လာမည် ဖြစ်သည်။
ယင်းခြေစမ်းပွဲ များ၏ ကွင်းဝင်ကြေးကို အထူးတန်း (၃၀၀၀) ကျပ်နှင့် ရိုးရိုးတန်း (၁၀၀၀) ကျပ် ဖြင့် လက်မှတ်များ ရောင်းချသွားမည် ဖြစ်ပြီး ကြိုတင်လက်မှတ်
ရောင်းချမည့် အစီအစဉ် အသေးစိတ်ကို ထပ်မံ ထုတ်ပြန် ပေးသွားမည်
ဖြစ်သည်။

Myanmar Football Federation

0 comments:

Post a Comment