Pages

Subscribe:

Sunday, March 15, 2015

ဒိုင်လူကြီးကို ပတ်ပတ်လည်ဝိုင်းပြီး ဖိအားပေးခြင်းမျိုး မန်စီးတီး ကစားသမားများ လုံးဝ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း ပယ်လီဂရီနီ ပြောကြား



ဒိုင်လူကြီးကို ပတ်ပတ်လည်ဝိုင်းပြီး ဖိအားပေးခြင်းမျိုး မန်စီးတီး ကစားသမားများ လုံးဝ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း ပယ်လီဂရီနီ ပြောကြား

ပီအက်စ်ဂျီကို အရေးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ကစားသမားများ၏ အပြုအမှုအတွက် ချယ်ဆီးအသင်း ဝေဖန်ခံခဲ့ရပြီးနောက် မန်ချက်စတာစီးတီး ကစားသမားများက ဒိုင်လူကြီးကို ပတ်ပတ်လည်ဝိုင်းပြီး ဖိအားပေးမှုမျိုး ဘယ်သောအခါမှ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း မန်နျူရယ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

အဆိုပါပွဲစဉ်တွင် ပြင်သစ် ချန်ပီယံအသင်းသည် တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည့်တိုင် ဟိုဆေးမော်ရင်ဟို၏ အသင်းကို အဝေးဂိုးဖြင့် အနိုင်ရကာ ချန်ပီယံလိဂ် နောက်တစ်ဆင့်သို့ တက်ရောက်သွားနိုင်ခဲ့သည်။

၎င်းပွဲစဉ်တွင် ဇာလတန် အီဘရာဟီမိုဗစ်ခ်ျက အော်စကာကို ဖျက်ထုတ်ခဲ့ပြီးနောက် ချယ်ဆီးအသင်း ကစားသမား ၁၀ ယောက်က ပီအက်စ်ဂျီ တိုက်စစ်မှူးကို ထုတ်ပယ်ရန်အတွက် ဒိုင်လူကြီးကို ပတ်ပတ်လည်ဝိုင်းကာ ဖိအားပေးခဲ့သည်။ ထို့နောက် ပယ်လီဂရီနီက မိမိ၏ ကစားသမားများအနေဖြင့် ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ဘယ်သောအခါမှ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း ဆိုခဲ့သည်။

“စီးတီး ကစားသမားတွေက ဒိုင်လူကြီးကို ပတ်ပတ်လည် ဝိုင်းထားပြီး ဖိအားပေးတာမျိုး ဘယ်တော့မှ တွေ့ရမှာ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်တစ်ခုအတွက် ဒိုင်လူကြီးနဲ့ ဆွေးနွေးတာမျိုးတော့ ရှိကောင်းရှိနိုင်ပါတယ်။ နောက်ပြီး ဒိုင်လူကြီးကို ဖိအားပေးတာဟာ အသင်းတစ်သင်း အနိုင်ရဖို့အတွက် ပြင်ဆင်တဲ့နည်းလမ်း မဟုတ်ပါဘူး။ ဘယ်နည်းလမ်းက မှန်တယ် ဘယ်နည်းလမ်းက မှားတယ်ဆိုတာကို လေ့လာဆန်းစစ်ရမှာပါ။ ဒိုင်လူကြီးအနေနဲ့ ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်မယ့်အချိန်မှာ ကစားသမားအားလုံးက ဝိုင်းပြီး ဖိအားပေးမယ်ဆိုရင် သူ့အတွက် ဆုံးဖြတ်ရ ခက်စေနိုင်ပါတယ်။ ကျွန်တော်က အခြားအသင်းနဲ့ အခြားပွဲတွေမှာ ဖြစ်ပျက်နေတာကို ပြောနေတာပါ။ ဆုံးဖြတ်ချက်တိုင်းအတွက် ဒိုင်လူကြီးကို ဖိအားပေးဖို့ ကြိုးစားနေမယ်ဆိုရင် ဒိုင်လူကြီးတွေ အနေနဲ့ အခက်တွေ့နိုင်ပါတယ်။ အနိုင်ရဖို့အတွက် နည်းလမ်းအမျိုးမျိုးရှိပါတယ်။ မန်နေဂျာ အားလုံးကတော့ ကစားသမားတွေ အနိုင်ရဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ပေးရပါတယ်။ ကိုယ်ပြင်ဆင်ထားတဲ့ နည်းလမ်းနဲ့ အနိုင်ရတဲ့အခါမှာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ရှုံးနိမ့်တဲ့အခါမှာ ဝေဖန်တာမျိုးကိုတော့ ကျွန်တော်လက်မခံပါဘူး” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment