Pages

Subscribe:

Wednesday, March 11, 2015

ပေါ်တိုချန်ပီယံခြေစွမ်းပြန်ရကာ အိမ်ကွင်းဂိုးပြတ်နိုင်ပြီး ကွာတားဖိုင်နယ်တက်နိုင်ခဲ့



ပေါ်တိုချန်ပီယံခြေစွမ်းပြန်ရကာ အိမ်ကွင်းဂိုးပြတ်နိုင်ပြီး ကွာတားဖိုင်နယ်တက်နိုင်ခဲ့

ဘေဆယ်ဟာ ဆွစ်ဇာလန်မြေမှာပေါ်တိုအသင်းကို သရေကစားနိုင်ခဲ့ပေမယ့်လည်း ပေါ်တူဂီမြေမှာတော့ လေးဂိုးပြတ်ရှုံးနိမ့်သွားခဲ့ရပါတယ်။ ရလဒ်တွေဆက်တိုက်ကောင်းနေတဲ့ ပေါ်တိုအသင်းဟာ အတည်ငြိမ်ဆုံး ခြေစွမ်းနဲ့အတူ ဘေဆယ်ကို အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲယူလိုက်တာ ဖြစ်ပါတယ်။
ပေါ်တိုအသင်းရဲ့ အဓိကတိုက်စစ်မှူး မာတီနက်ဇ်မပါဝင်နိုင်ခဲ့ပေမယ့်လည်း ဒီပွဲမှာ အခြားကစားသမားတွေက တစ်ယောက်တစ်ဂိုးစီသွင်းပြီး အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ပွဲချိန် ၁၄ မိနစ်မှာ ပေါ်တိုအသင်းကစားသမား ဘရာဟီမီက အလွတ်တည်ကန်ဘောကတဆင့် အိမ်ရှင်အတွက် အဖွင့်ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဂိုးကို မြင်တွေ့ရပြီးနောက် ပထမပိုင်းပြီးတဲ့အထိ အခြားဂိုးတွေ မတွေ့ရတော့ပါဘူး။
ပေါ်တိုအသင်းက ဦးဆောင်ဂိုးရထားပေမယ့် တစ်ဂိုးတည်းဖြစ်တာကြောင့် ဘေဆယ်ဘက် အချိန်မရွေး တစ်ဂိုးပြန်သွင်းသွားနိုင်ချေရှိတာကို ရိပ်စားမိခဲ့ပါတယ်။ အဲဒါကြောင့် ဒုတိပိုင်းစတာနဲ့ မထင်မှတ်ထားလောက် အောင် တရစပ် တိုက်စစ်ဆင်ပြီးအချိန်တိုအတွင်းမှာ နှစ်ဂိုးထပ်ရသွားခဲ့ပါတယ်။ ပထမဂိုးရှင် ဘရာဟီမီရဲ့ အကောင်းဆုံးခြေစွမ်းပြ ထိုးဖောက်မှုကတဆင့် ကွင်းလယ်က ဟာရဲရားကပင်နယ်တီဧရိယာ အစပ်ကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၅၆ မိနစ်မှာ ပေါ်တိုအသင်းက တတိယဦးဆောင်ဂိုးရသွားပြန်ပါတယ်။ ကက်စ်မီရိုက ဘယ်ခြမ်းကနေ ကန်ခွင့်ရတဲ့ အလွတ်တည်ကန်ဘောကို ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးရသွားလို့ ပေါ်တိုအတွက် ကွာတားဖိုင်နယ်တက်ရောက်နိုင်ပြီဆိုတာလည်း သေချာသွားခဲ့ပါတယ်။ ပေါ်တိုဟာ နောက်တစ်ဂိုး ထပ်ရခဲ့ပါသေးတယ်။ ပွဲချိန် ၇၆ မိနစ်ရမှာ ရလာတဲ့အခွင့်အရေးကို အဘော်ဘက်ကာက ကန်ချက်ပြင်းပြင်းနဲ့ ကန်သွင်းပြီး အသင်းအတွက် စတုတ္ထဦးဆောင်ဂိုး ရစေခဲ့တာဖြစ်ပါတယ်။ ၂၀၀၃-၀၄ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားယူထားခဲ့တဲ့ ပေါ်တိုဟာ ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ ချန်ပီယခြေစွမ်းတွေ ပြန်ရနေခဲ့ပြီဖြစ်ပါတယ်။
ဒုတိယအကျော့ပွဲစဉ်တွေရဲ့ ပထမဆုံးနေ့မှာတော့ ပေါ်တိုနဲ့ ရီးရဲလ်မက်ဒရစ်တို့ နောက်တဆင့် တက်သွားပြီ ဖြစ်ပါတယ်။

Soccer Myanmar

0 comments:

Post a Comment