Pages

Subscribe:

Saturday, March 14, 2015

ဘယ်လာရင်ကို စာချုပ်သက်တမ်း တိုးမြှင့်ရန်အာဆင်နယ် အပြီးသတ် လုပ်ဆောင်နေ



ဘယ်လာရင်ကို စာချုပ်သက်တမ်း တိုးမြှင့်ရန်အာဆင်နယ် အပြီးသတ် လုပ်ဆောင်နေ

အာဆင်နယ် အသင်းသည် လူငယ်နောက်ခံလူ ဟက်တာဘယ်လာရင်ကို စာချုပ်သစ် ချုပ်ဆိုရန် နောက်ဆုံးအဆင့် လုပ်ဆောင်နေပြီဟု သိရှိရသည်။

အသက်(၁၉)နှစ် အရွယ်ရှိ စပိန်လူငယ် တောင်ပံခံစစ်သမားလေးသည် ယခုရာသီ မန်နေဂျာ အာစင်ဝင်းဂါး၏ အသင်းတွင် တစ်စထက်တစ်စ နေရာရလာပြီးနောက် မက်သရူး ဒီဘူချီ ဒဏ်ရာရနေချိန်တွင် ညာခြမ်းခံစစ်၏ အဓိက ကစားသမားသဖွယ် ဖြစ်လာခဲ့သည်။ ဘယ်လာရင်၏ စာချုပ်သည် (၂၀၁၇) နွေရာသီတွင် သက်တမ်းကုန်မည် ဖြစ်သော်လည်း လန်ဒန်ကလပ်က ၎င်းကို နောက်ထပ်(၄)နှစ် စာချုပ်သက်တမ်း တိုးမြှင့်သွားရန် အသင့်ဖြစ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အကယ်၍ ဘယ်လာရင်သာ အာဆင်နယ်နှင့် စာချုပ်သက်တမ်း တိုးဖြစ်ပါက ၎င်းသည် (၂၀၁၉)ထိ အမ်းမရိတ်စ်တွင် ဆက်ရှိနေမည် ဖြစ်သည်။ ဘယ်လာရင်နှင့် အာဆင်နယ်တို့ စာချုပ်သစ် ချုပ်ဆိုလိုက်ပါက အင်္ဂလန် အသက်(၂၁)နှစ်အောက် လက်ရွေးစင် ကားလ်ယန်ကင်ဆန် အနေဖြင့် အသင်းမှ အပြီးသတ် ထွက်ခွာရန် သေချာသွားဖွယ် ရှိသည်။ ယန်ကင်ဆန်သည် ဝက်စ်ဟမ်း ယူနိုက်တက်တွင် အငှားထွက်ကစားနေပြီး ဘယ်လာရင်သာ အမ်းမရိတ်စ်တွင် နေရာမြဲသွားပါက ၎င်းအတွက် ပွဲထွက်ခွင့် ပိုမိုဝေးကွာသွားမည် ဖြစ်သည်။

ဝက်စ်ဟမ်းသည် ယန်ကင်ဆန်ကို အပြီးသတ် ဝယ်ယူသွားရန် ဆန္ဒရှိနေပြီး ယင်းအတွက် အာဆင်နယ်က ပေါင်စတာလင် (၆)သန်းမျှ ဈေးနှုန်းသတ်မှတ်နိုင်ကြောင်း သိရသည်။ အခြားသော သတင်းများအရ ဒဏ်ရာရနေသည့် ပြင်သစ် ညာနောက်ခံလူ ဒီဘူချီသည်လည်း အခြေအနေ တိုးတက်မှုများ ရှိနေပြီး ရာသီမကုန်မီ အာဆင်နယ်အတွက် ပြန်ကစားနိုင်ရန် အလားအလာ များနေကြောင်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment