Pages

Subscribe:

Sunday, March 8, 2015

လီဗာပူးလ်၏ အိမ်ကွင်းမျက်နှာပြင် ဆိုးရွားမှုအတွက် အဖြေရှာရန် လိုပြီဟု ရော့ဂျာဝန်ခံ



လီဗာပူးလ်၏ အိမ်ကွင်းမျက်နှာပြင် ဆိုးရွားမှုအတွက် အဖြေရှာရန် လိုပြီဟု ရော့ဂျာဝန်ခံ

လီဗာပူးလ် အသင်း၏ အိမ်ကွင်း မြက်ခင်းပြင် အခြေအနေ ဆိုးရွားလွန်းနေသည်ကို အသင်းမန်နေဂျာ ဘရန်ဒန် ရော့ဂျာက ဝန်ခံ ပြောကြားခဲ့သည်။


ရော့ဂျာသည် ယခင်ကတည်းက အန်းဖီးလ်ကွင်း အနေအထားအပေါ် ဝေဖန်မှုများ ပြုလုပ်ခဲ့ဖူးသူ ဖြစ်သည်။ လီဗာပူးလ်သည် အိမ်ကွင်းကို အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ရန် စီစဉ်နေရာ (၂၀၁၆)ခုနှစ် မတိုင်မီအထိ အိမ်ကွင်းမျက်နှာပြင် အစားထိုး ပြောင်းလဲမှုကို လုပ်ဆောင်နိုင်ဦးမည် မဟုတ်ချေ။ တစ်နည်းအားဖြင့် လီဗာပူးလ်သည် လာမည့်ရာသီတွင်လည်း ဆိုးရွားသည့် အခြေအနေမျိုး မြက်ခင်းပေါ်တွင် ဘောလုံးကစားနေရမည့် သဘောဖြစ်သည်။ အန်းဖီးလ်ကွင်းတွင် ခင်းထားသော မြက်ခင်း၏သက် တမ်းသည် (၁၀)နှစ်ထိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ရော့ဂျာက “ကျွန်တော်တို့ မြက်ခင်းနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ လုပ်သင့်တယ်ဗျ။ ကျွန်တော်တို့ အနေနဲ့ ပိုကောင်းတဲ့ ကွင်းမျက်နှာပြင်မှာ ကစားနိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အသင်း ကျင့်သုံးတဲ့ ကစားပုံ အနေအထားအတွက် ဆိုရင်ပေါ့”ဟု မှတ်ချက်ပြုခဲ့သည်။ လတ်တလောတွင် လီဗာပူးလ်သည် အန်းဖီးလ်တွင် ထိုင်ခုံ (၈၅၀၀) တိုးမြှင့်မှု အပါအဝင် အိမ်ကွင်းကို ပေါင်စတာလင် သန်း(၁၀၀) အကုန်အကျခံ အဆင့်မြှင့်တင်မှုများ ပြုလုပ်နေရာ ကွင်းမြက်ခင်း အစားထိုးမှုကို ရွှေ့ဆိုင်းထားရဆဲ ဖြစ်သည်။

လက်ရှိ လီဗာပူးလ်ကွင်းတွင် ခင်းထားသည်မှာ Desso GrassMasterဖြစ်ပြီး (၁၄)နှစ် သက်တမ်းထိ ခံနိုင်ကြောင်း သိရသည်။ သို့သော်လည်း ကွင်း၏ ရေဆင်းစနစ်မှာ (၁၉၉၈)ခုနှစ်နောက်ပိုင်း အဆင့်မြှင့်တင်မှု မရှိသလို ပွဲမကစားမီ ကွင်းရေဖျန်းသည့် စနစ်လည်း မတပ်ဆင်ရသေးခြင်းက မြက်ခင်းများ၏ အရည်အသွေးကို သာမန်ထက် လျင်မြန်စွာ ကျဆင်း ထိခိုက်စေနိုင်ကြောင်း သတင်းများက ဖော်ပြသွားသည်။

Soccer Myanmar

0 comments:

Post a Comment