Pages

Subscribe:

Monday, June 22, 2015

ယူနိုက်တက်တွင် ဒီဂီယာကို ဆက်ကစားစေလိုကြောင်း မာတာ ပြောကြား



ယူနိုက်တက်တွင် ဒီဂီယာကို ဆက်ကစားစေလိုကြောင်း မာတာ ပြောကြား

ဒေးဗစ်ဒီဂီယာ အနေဖြင့် မန်ချက်စတာ ယူနိုက်တက်တွင်သာ ဆက်နေပြီး ရီးယဲလ်မက်ဒရစ်ကို မေ့ဖျောက်လိုက်သင့်ကြောင်း ဟွမ်မာတာက တိုက်တွန်း ပြောကြားလိုက်သည်။

စပိန်လက်ရွေးစင် ဂိုးသမားသည် ယခုနွေရာသီတွင် မွေးရပ်မြို့ မက်ဒရစ်သို့ ပြန်လည် ပြောင်းရွှေ့ဖြစ်မည်ဟု သတင်းကြီးနေပြီး အပြောင်းအရွှေ့ ဖြစ်မဖြစ် ဆိုသည်မှာ ဒီဂီယာ၏ ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည်နေကြောင်း ယူနိုက်တက်ဘက်က ဝန်ခံထားသည်။ ၎င်း၏ စာချုပ်သည် သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး ယူနိုက်တက်၏ သက်တမ်းတိုး ကမ်းလှမ်းမှုကို ဒီဂီယာက ငြင်းပယ်ထားဆဲ ဖြစ်သည်။ ဒီဂီယာနှင့် တစ်နိုင်ငံတည်းသား ကွင်းလယ်တိုက်စစ်သမား မာတာကမူ ဒီဂီယာ အနေဖြင့် အိုးလ်ထရက်ဖို့ဒ်တွင်သာ အနာဂတ် ဆက်လက် မြှုပ်နှံသင့်ကြောင်း အကြံပြုခဲ့သည်။

Marcaနှင့် အင်တာဗျူးတွင် မာတာက “ဒီဂီယာအကြောင်း လူတော်တော်များများက ကျွန်တော့်ကို မေးကြပါတယ်။ သူက ကျွန်တော့် သူငယ်ချင်းပါ။ သူပျော်ရွှင်နေတာမျိုး ကျွန်တော် လိုလားပါတယ်။ လောလောဆယ် ဒီဂီယာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂိုးသမားတစ်ယောက် ဖြစ်နေပါတယ်။ နည်းနည်း တစ်ကိုယ်ကောင်းဆန်တဲ့ ရှုထောင့်က ပြောရမယ် ဆိုရင်တော့ ကျွန်တော်က သူ့ကို ကျွန်တော် လက်ရှိ ကစားနေတဲ့ အသင်းမှာပဲ ရှိစေချင်ပါတယ်”ဟု ပြောကြားခဲ့သည်။ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် ဒီဂီယာ ထွက်ခွာနိုင်သည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ဘာစီလိုနာ ဂိုးသမားဟောင်း ဗစ်တာဗဲလ်ဒက်စ်ကို ခေါ်ယူထားသလို တော့တင်ဟမ် ဟော့စပါးမှ ဟူဂိုလောရစ်၊ အက်သလက်တီကို မက်ဒရစ်မှ ယန်အော့ဘ်လက်ခ်နှင့် အေဂျက်စ် အမ်စတာဒမ်မှ ဂျက်စ်ပါ ဆီလက်ဆန်တို့ကိုလည်း ချိတ်ဆက်လျက်ရှိသည်။

Soccer Myanmar

0 comments:

Post a Comment