Sunday, June 21, 2015
ဗန်ပါစီကို ကမ်းလှမ်းသည့် သတင်းအား ဂါလာတာဆာရေး ငြင်းဆို
ဗန်ပါစီကို ကမ်းလှမ်းသည့် သတင်းအား ဂါလာတာဆာရေး ငြင်းဆို
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီကို ခေါ်ယူရန် စီစဉ်နေသည်ဟူသော သတင်းများကို ဂါလာတာဆာရေးက ငြင်းဆိုခဲ့သည်။
ဂါလာတာဆာရေး နည်းပြ ဟမ်ဇာဟမ်ဇောင်ဂလူက အသင်း အနေဖြင့် ရီးယဲမက်ဒရစ်က စိတ်ဝင်စားနေသော ဗန်ပါစီကို ခေါ်ယူရန်အတွက် သဘော တူညီမှု ရရှိရန် မျှော်လင့်ထားကြောင်း ဗုဒ္ဓဟူးနေ့က ဖွင့်ဟခဲ့သော်လည်း ယခုအခါ အဆိုပါ ပြောကြားချက်ကို ငြင်းဆိုသွားခဲ့သည်။
အသက် ၃၁ နှစ်ကို ခေါ်ယူမည့်သတင်းအား လာဇီယိုအသင်းကလည်း ငြင်းဆိုသွားခဲ့ပြီး ၎င်း၏ ပြောင်းရွှေ့ကြေးမြင့်မားမှုက အဓိက အတားအဆီးဖြစ်ကြောင်း ဂါလာတာဆာရေး နည်းပြက ဆိုခဲ့သည်။
“ရော်ဘင်ဗန်ပါစီက ကျွန်တော်တို့ အလိုရှိတဲ့စာရင်းမှာ မပါတော့ပါဘူး။ သူ့ရဲ့ ပြောင်းရွှေ့ကြေးက အရမ်းကိုမြင့်နေပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ ဒါကို အရင်ထက်ပိုပြီး ဂရုစိုက်သွားမှာပါ” ဟု ဟမ်ဇောင်ဂလူက ပြောကြားခဲ့သည်။
ဗန်ပါစီကမူ မိမိအနေဖြင့် လာမည့်နှစ်တွင် အိုးထရတ်ဖို့ဒ်တွင် နေရာရရန်အတွက် တိုက်ပွဲဝင်သွားရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောကြားထားသည်။
“လာမယ့်သြဂုတ်လဆိုရင် ကျွန်တော်က ၃၂ နှစ်ရှိပါပြီ။ ဒါပေမဲ့ ကျွန်တော်က နောက်ထပ် ၈ နှစ်လောက် ဘောလုံးကစားဖို့ ရည်မှန်းထားပါတယ်။ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ဘောလုံးကို အမြင့်ဆုံး စွမ်းဆောင်ရည်နဲ့ ဆက်မကစားနိုင်တော့မှာကိုတော့ ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်က အခုမဟုတ်သေးပါဘူး။ အခုအချိန်မှာ ကျွန်တော်က အင်မတန်ကိုမှ ကြံ့ခိုင်နေပါတယ်။ အသင်းမှာ ပါဝင်ကစားဖို့က ကျွန်တော့်အတွက် အရမ်းကို အရေးပါပါတယ်။ အသက် ၃၆ ၃၇ ဆိုရင်တော့ လက်ရှိထက် တစ်ဆင့်နိမ့်ရင် နိမ့်သွားပါလိမ့်မယ်။ အခုအချိန်မှာတော့ ကျွန်တော် အကောင်းဆုံး ကစားနိုင်ပါသေးတယ်” ဟု ဗန်ပါစီက ပြောကြားခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment