Monday, June 22, 2015
မြန်မာ့ ဘောလုံး အသင်းများ အောင်မြင်ရေး အတွက် လက်ရွေးစင် အသီးသီး နည်းပြများနှင့် အဖွဲ့ချုပ်တို့ ဆွေးနွေး
မြန်မာ့ ဘောလုံး အသင်းများ အောင်မြင်ရေး အတွက် လက်ရွေးစင် အသီးသီး နည်းပြများနှင့် အဖွဲ့ချုပ်တို့ ဆွေးနွေး
မြန်မာ့ လက်ရွေးစင် အသင်းများ လာမည့် နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိစေရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲ တစ်ရပ်ကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဟိုတယ်မက်စ် တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အစည်းအဝေးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် ဟောင်းများ၊ မြန်မာ့ လက်ရွေးစင် အသင်း၊ မြန်မာ ယူ၂၃ လက်ရွေးစင် အသင်း၊ မြန်မာ ယူ၂၀ လက်ရွေးစင် အသင်းနှင့် အမျိုးသမီး လက်ရွေးစင် အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် မြန်မာ့ လက်ရွေးစင် အသင်းကြီး နည်းပြအဖွဲ့ ပြန်လည် ဖွဲ့စည်းရေး၊ သက်တမ်းအလိုက် လက်ရွေးစင် အသင်းများ လာမည့် နိုင်ငံတကာ ပြိုင်ပွဲများသို့ စေလွတ် ယှဉ်ပြိုင်ရေး၊ လက်ရွေးစင် အသင်းများ အတွက် လိုအပ်သည့် ထောက်ကူပစ္စည်းများ၊ ခရီးသွားလာခြင်း ဆိုင်ရာ လုပ်ငန်း တာဝန်များ စနစ်တကျ ဆောင်ရွက်သွားရေး၊ မျိုးဆက်သစ် လူငယ် ကစားသမားများ ကာယဖွံဖြိုးရေး အတွက် ထောက်ကူပေးမည့် အစားအသောက်များ စနစ်တကျ ကျွေးမွေးရေး၊ အသက် မှန်ကန်မှု ရှိရေးအတွက် ယခင် ဖွဲ့စည်းထားသည့် အသက် စိစစ်ရေး ကော်မတီမှ စိစစ်မှုများ ဆက်လက်ပြုလုပ်ရေး၊ လက်ရွေးစင်အသင်း အသီးသီးအတွက် လိုအပ်သည့် နည်းပြများ ထပ်မံအားဖြည့်ရေး၊ ကာယစင်တာ တစ်ခု ပြုလုပ်ထားရှိပြီး အသင်းအသီးသီးမှ ကစားသမားများအား လေ့ကျင့်ပေးနိုင်ရေး စသည်တို့အား အဖွဲ့ချုပ် ဥက္ကဋ္ဌမှ လမ်းညွှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment