Sunday, June 21, 2015
မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် အေဗရာဗိုဗစ်အား သက်တမ်းတိုး စာချုပ် ချုပ်ဆိုမည်
မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် အေဗရာဗိုဗစ်အား သက်တမ်းတိုး စာချုပ် ချုပ်ဆိုမည်
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဟာ လက်ရွေးစင် အသင်း နည်းပြချုပ် အေဗရာဗိုဗစ်အား ယခုရက်ပိုင်း အတွင်း သက်တမ်းတိုး စာချု ပ်ချုပ်ဆိုမယ်လို့ သိရပါသည်။
အေဗရာဗိုဗစ်နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းဟာဇွန်လ ကုန်မှာကုန်ဆုံးမှာဖြစ်တာကြောင့်ယခုရက်ပိုင်းအတွင်းထပ်မံသက်တမ်းတိုးဖို့ စီစဉ်တာ လို့ သိရပါသည်။
“သူ့လက်ထက်မှာ အောင်မြင်မှု ကြီးကြီးမားမား အောင်မြင်မှု မရသေးပေမယ့် ရေရှည်အတွက် ရည်ရွယ်ပြီး ခုလို သက်တမ်း တိုးဖို့ စီစဉ်တာပါ။ သူနဲ့လည်း အကြမ်းဖျင်းအားဖြင့် သဘော တူထားပြီးပါပြီ”လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ်ဟာ အေဗရာဗိုဗစ်ကို တစ်နှစ်ခွဲ သက်တမ်း ထပ်မံ ချုပ်ဆိုသွားဖွယ် ရှိနေပြီး အဆိုပါ စာချုပ်သာ အတည် ဖြစ်ခဲ့ပါက အေဗရာဗိုဗစ်အနေဖြင့် မြန်မာနိုင်ငံမှာ ကျင်းပမယ့်၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ အထိတာဝန် ယူရမယ်လို့ သိရပါသည်။ လက်ရှိ အချိန်မှာ အေဗရာဗိုဗစ် ကိုင်တွယ်နေတဲ့ မြန်မာ့ လက်ရွေးစင် အသင်း၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ စဉ်တွေမှာ နှစ်ပွဲ ကစားထားရာမှာ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် တစ်မှတ်သာ ရရှိထားပါသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment