Pages

Subscribe:

Wednesday, June 24, 2015

မြန်မာ ယူ၂၃ အသင်း ဂိုးသမား ကျော်ဇင်ဖြိုးအား ဟမ်းဆက် အရောင်းမြှင့်တင်ရေး ပွဲ အတွက် လာရောက်ကမ်းလှမ်း



မြန်မာ ယူ၂၃ အသင်း ဂိုးသမား ကျော်ဇင်ဖြိုးအား ဟမ်းဆက် အရောင်းမြှင့်တင်ရေး ပွဲ အတွက် လာရောက်ကမ်းလှမ်း

၂၈ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ငွေတံဆိပ်ဆုရ မြန်မာ ယူ၂၃ အသင်း ဂိုးသမား တစ်ဦး ဖြစ်သူ ကျော်ဇင်ဖြိုးအား ဖုန်းဟမ်းဆက် ကုမ္ပဏီ တစ်ခုမှ အရောင်းမြှင့်တင် ပေးပွဲတစ်ခု ပါဝင် ကူညီပေးရန် လာရောက် ကမ်းလှမ်း ခဲ့တယ်လို့ သိရပါသည်။
အဆိုပါ ကုမ္ပဏီမှာ Colors Mobile ကုမ္ပဏီ ဖြစ်ပြီး ဖုန်းဟမ်းဆက် အသစ်များကို မြန်မာနိုင်ငံမှာ ဖြန့်ဖြူးရောင်းချမည့် ကုမ္ပဏီ တစ်ခုဖြစ်သည်။
“ကျွန်တော်တို့ အနေနဲ့ ကစားသမားရဲ့သဘောအတိုင်း ခွင့်ပြုပေးမှာပါ။ ဒါပေမယ့် အသင်း လေ့ကျင့်ခန်း အစီအစဉ်နဲ့ မထိခိုက်စေဖို့ ညှိနှိုင်းနေပါတယ်။ သူအနေနဲ့ အဆိုပါ ကုမ္ပဏီရဲ့ အရောင်းမြှင့်တင်ရေး ပွဲနှစ်ခုမှာ ပါဝင်ပေးရမှာပါ” လို့ မကွေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
ကျော်ဇင်ဖြိုးဟာ လက်ရှိအချိန်မှာ ပရိတ်သတ်တွေ လူသိများနေတဲ့ ဂိုးသမားတစ်ဦး ဖြစ်ပြီး စင်ကာပူ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အကောင်းဆုံး ဂိုးသမားဆု ရရှိထားသူ ဖြစ်ပါသည်။

Soccer Myanmar

0 comments:

Post a Comment